နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌဖလား ပြည်နယ်နှင့် တိုင်းဒေသကြီး (အလွတ်တန်းဖိတ်ခေါ်) U-18 (အမျိုးသမီး)ဘောလုံးပြိုင်ပွဲ ဒုတိယအကြို ဗိုလ်လုပွဲပွဲစဉ်တွင် မန္တလေးတိုင်း ဒေသကြီး အသင်းက ၆ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိ

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌဖလား ပြည်နယ်နှင့် တိုင်းဒေသကြီး (အလွတ်တန်းဖိတ်ခေါ်) U-18 (အမျိုးသမီး)ဘောလုံးပြိုင်ပွဲ ဒုတိယအကြို ဗိုလ်လုပွဲပွဲစဉ်တွင် မန္တလေးတိုင်း ဒေသကြီး အသင်းက ၆ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိ

နေပြည်တော် ဒီဇင်ဘာ ၁၆

အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် ၂၀၂၃ ခုနှစ် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ  ဖလား ပြည်နယ်နှင့်တိုင်းဒေသကြီး (အလွတ်တန်းဖိတ်ခေါ်) U-18  (အမျိုးသမီး)ဘောလုံးပြိုင်ပွဲ ဒုတိယအကြိုဗိုလ်လုပွဲ ပွဲစဉ်ကို ယနေ့ညနေ ၃ နာရီတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိ ဘောလုံးအားကစားကွင်း၌ ဆက်လက်ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ အဖွဲ့ဝင်များဖြစ်ကြသော Jeng Phang နော်တောင်၊ ဒေါက်တာဗညားအောင်မိုး၊ ဒုတိယဝန်ကြီးများနှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဘောလုံးအားကစား ဝါသနာရှင်များ တက်ရောက်ကြည့်ရှု အားပေးကြသည်။

ဝဏ္ဏသိဒ္ဓိဘောလုံးအားကစားကွင်း၌ U-18   (အမျိုးသမီး)ဘောလုံးပြိုင်ပွဲ ဒုတိယအကြိုဗိုလ်လုပွဲ ပွဲစဉ်အဖြစ် မန္တလေးတိုင်း ဒေသကြီးအသင်းက ကချင်ပြည်နယ်အသင်းကို ၆ ဂိုး ၁ ဂိုးဖြင့် ယှဉ်ပြိုင် အနိုင်ရရှိသည်။

ဒီဇင်ဘာ ၁၇ ရက်တွင် ပြိုင်ပွဲ တစ်ရက် ရပ်နားမည်ဖြစ်ပြီး ဒီဇင်ဘာ ၁၈ ရက်တွင် ဝဏ္ဏသိဒ္ဓိဘောလုံးအားကစားကွင်း၌ ညနေ ၃ နာရီမှစတင်၍ U-18   (အမျိုးသမီး) ဘောလုံးပြိုင်ပွဲတတိယလုပွဲ ပွဲစဉ်အဖြစ် ဧရာဝတီတိုင်းဒေသကြီးအသင်းနှင့် ကချင်ပြည်နယ်အသင်းတို့ ဆက်လက်ယှဉ်ပြိုင် ကစားသွားကြမည်ဖြစ်ရာ ဘောလုံးအားကစားနည်းကို စိတ်ပါဝင်စားသည့် အားကစားဝါသနာရှင် များအနေဖြင့် မည်သူမဆို အခမဲ့ လာရောက် ကြည့်ရှုအားပေးနိုင်ကြောင်း သိရသည်။