၂၀၂၃ ခုနှစ် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌဖလား ဝန်ကြီးဌာန ပေါင်းစုံ U-25 ဘောလုံး(အမျိုးသား)ပြိုင်ပွဲ ကျင်းပ
နေပြည်တော် ဒီဇင်ဘာ ၁၆
ဝန်ကြီးဌာနပေါင်းစုံ အားကစားပြိုင်ပွဲမှ တစ်ဆင့် နိုင်ငံ့ဂုဏ်ဆောင်နိုင်သည့် ဘောလုံးအားကစား သမားကောင်းများစွာ ထွက်ပေါ်လာစေရန်ရည်ရွယ်၍ အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာနမှ ကြီးမှူးကျင်းပသည့် ၂၀၂၃ ခုနှစ် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဖလား ဝန်ကြီးဌာနပေါင်းစုံ (အမျိုးသား)ဘောလုံးပြိုင်ပွဲကို နေပြည်တော် ဝဏ္ဏသိဒ္ဓိ အားကစားကွင်းရှိ လေ့ကျင့်ရေး ကွင်းအမှတ်(၁)နှင့်(၃)တို့တွင် ကျင်းပသည်။
ယနေ့နံနက်ပိုင်းတွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လေ့ကျင့်ရေးကွင်းအမှတ်(၃)၌ ပထမအဆင့် အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ဆောက်လုပ်ရေး ဝန်ကြီးဌာနအသင်းက သယံဇာတနှင့် သဘာ၀ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနအသင်းကို (၂)ဂိုး၊ ဂိုးမရှိဖြင့် လည်းကောင်း၊ မွန်းလွဲ(၃)နာရီတွင် လေ့ကျင့်ရေးကွင်း အမှတ်(၁)၌ နယ်စပ်ရေးရာ ဝန်ကြီးဌာန အသင်းက စွမ်းအင်ဝန်ကြီးဌာန အသင်းကို (၁)ဂိုး၊ ဂိုးမရှိဖြင့် လည်းကောင်း၊ လေ့ကျင့်ရေးကွင်း အမှတ်(၃)၌ ကျန်းမာရေး ဝန်ကြီးဌာနအသင်းက ပြန်ကြားရေး ဝန်ကြီးဌာနအသင်းကို (၂)ဂိုး၊(၁)ဂိုးဖြင့် လည်းကောင်း အသီးသီး ယှဉ်ပြိုင် အနိုင်ရရှိသည်။
ဝန်ကြီးဌာနပေါင်းစုံ့-၂၅ (အမျိုးသား) ဘောလုံးပြိုင်ပွဲ ပထမအဆင့် အုပ်စုပတ်လည် ပွဲစဉ်များ အဖြစ် ဒီဇင်ဘာ(၁၇)ရက်နေ့ နံနက်(၇)နာရီခွဲတွင် လေ့ကျင့်ရေးကွင်း အမှတ်(၃)၌ ပြည်ထဲရေးဝန်ကြီးဌာန အသင်းနှင့် စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအသင်း၊ မွန်းလွဲ(၃)နာရီတွင် လေ့ကျင့်ရေး ကွင်းအမှတ်(၁)၌ ပညာရေးဝန်ကြီးဌာန အသင်းနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထား ရေးဝန်ကြီး ဌာနအသင်း၊ လေ့ကျင့်ရေးကွင်း အမှတ်(၃)၌ စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာနအသင်းနှင့် ကာကွယ်ရေးဝန်ကြီးဌာန အသင်းတို့ ဆက်လက်ယှဉ်ပြိုင် ကစားသွားကြမည်ဖြစ်၍ အားကစားဝါသနာရှင်များ အနေဖြင့် မည်သူမဆို အခမဲ့ လာရောက်ကြည့်ရှု အားပေးနိုင်ကြောင်း သိရှိရသည်။