အသင်းရှယ်ယာဈေးနှုန်းများကျဆင်းလာမှုကြောင့် Team Viewer က မန်ယူနှင့်ချုပ်ဆိုထားသည့် စပွန်ဆာစာချုပ်ကို ဖျက်သိမ်း

အသင်းရှယ်ယာဈေးနှုန်းများကျဆင်းလာမှုကြောင့် Team Viewer က မန်ယူနှင့်ချုပ်ဆိုထားသည့် စပွန်ဆာစာချုပ်ကို ဖျက်သိမ်း

မန်ယူအသင်းကို အဓိက စပွန်ဆာပေးထားသည့် Team Viewer က   အသင်းရှယ်ယာဈေးနှုန်းများ ကျဆင်းလာသောကြောင့်      တန်ဖိုးကြီးစပွန်ဆာ စာချုပ်ကို ဖျက်သိမ်းခဲ့ကြောင်း အတည်ပြုကြေညာခဲ့ သည်။

မန်ယူအသင်းနှင့်  Team Viewer တို့သည် ၂၀၂၁ ခုနှစ် မတ်လမှစတင်ပြီး စပွန်ဆာတန်ကြေးလည်း စတာလင်ပေါင် ၂၃၅ သန်းဖြင့် ငါးနှစ်စာချုပ် ချုပ်ဆိုခဲ့ခြင်းဖြစ်သော်လည်း  ယခုအခါ  နှစ်နှစ်မပြည့်မီမှာပင်   စပွန်ဆာစာချုပ်ကိုဖျက်သိမ်းခဲ့ခြင်း ဖြစ်သည်။

ွှနော ဠငနတနမ သည် မန်ယူအသင်းနှင့် စပွန်ဆာ စာချုပ်မချုပ်ဆိုမီက ၎င်းင်းတို့၏ရှယ်ယာဈေးနှုန်းမှာ  စတာလင်ပေါင် ၃၁ ဒသမ ၆၅ သန်းရရှိခဲ့သော်လည်း မန်ယူအသင်းနှင့် စပွန်ဆာစာချုပ်ချုပ်ဆိုအပြီးတွင် ရှယ်ယာဈေးနှုန်းမှာ စတာလင်ပေါင် ၁၀ ဒသမ ၅၅ သန်းအထိ  သိသိသာသာ ကျဆင်းခဲ့သည့်အတွက် မန်ယူအသင်းနှင့် စာချုပ်သက်တမ်းမကုန်ဆုံး မီမှာပင် လမ်းခွဲခဲ့ခြင်းဖြစ်သည်။

ွှနော ဠငနတနမ  သည် အစောပိုင်းကတည်းက မန်ယူအသင်းနှင့်  လမ်းခွဲရန်စီစဉ်ခဲ့ကာ  ပြီးခဲ့သည့်သြဂုတ်လက မန်ယူအသင်းနှင့် စပွန်ဆာစာချုပ်ဖျက်သိမ်းရန်ပြင်ဆင်နေသည်ဟု    သတင်းများ ထွက်ပေါ်ခဲ့ပြီးနောက် ၎င်းတို့၏ ရှယ်ယာဈေးနှုန်းမှာ    အနည်းငယ်ပြန်လည် မြင့်တက်လာခဲ့သည့်အတွက်  ယခုအခါ   အပြီးသတ်စာချုပ်ဖျက်သိမ်းခဲ့ခြင်းဖြစ်သည်။

ထို့ပြင် Team Viewer က မန်ယူအသင်းနှင့် စီရော်နယ်ဒိုတို့စာချုပ်ဖျက်သိမ်းခဲ့ပြီးနောက် မန်ယူအသင်းပုံရိပ်မှာလည်း    အနည်းငယ်ကျဆင်းလာခဲ့သည့်အတွက် စပွန်ဆာစာချုပ်ကို အမြန်ဆုံးဖျက်သိမ်းနိုင်ရန် ဆောင်ရွက်ခဲ့ပြီးနောက် ယခုအခါ အပြီးတိုင် စာချုပ်ဖျက်သိမ်းကြောင်း အတည်ပြုကြေညာခဲ့ခြင်း ဖြစ်ပြီး  မန်ယူအသင်းကလည်း  Team Viewer နှင့်စာချုပ်ဖျက်သိမ်းပြီးနောက်   စပွန်ဆာအသစ်ရှာဖွေမှုများ စတင်လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

Ref;Dailymail