ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်က ၂၀၂၅ ခုနှစ်မှစတင်ပြီး ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကို ပြိုင်ပွဲဝင်အသင်း ၃၂ သင်းဖြင့် ပုံစံပြောင်းလဲကျင်းပမည်ဖြစ်ကြောင်း အတည်ပြုကြေညာ
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်က ၂၀၂၅ ခုနှစ်မှစတင်ပြီး ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကို ပြိုင်ပွဲဝင်အသင်း၃၂ သင်းဖြင့် ပုံစံပြောင်းလဲကျင်းပမည်ဖြစ်ကြောင်း အတည်ပြုကြေညာခဲ့သည်။
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်က ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကို ၂၀၀၀ ပြည့်နှစ်မှစတင်ကျင်းပခဲ့ခြင်းဖြစ်ပြီး အစောပိုင်းနှစ်များက တိုက်ကြီးများအလိုက် အဆင့်အတန်းအမြင့်ဆုံးပြိုင်ပွဲတွင် ချန်ပီယံဆုရရှိသည့် အသင်းတစ်သင်းက ၎င်းတို့တိုက်ကို ကိုယ်စားပြုပါဝင် ယှဉ်ပြိုင်ခဲ့ကြခြင်းဖြစ်သည်။
အစောပိုင်းက ဥရောပတိုက်၊ တောင်အမေရိက တိုက်၊ အာရှတိုက်နှင့် မြောက်အမေရိကတိုက် စသည့် တိုက်ကြီးများအလိုက် ကလပ်အသင်းတစ်သင်းသာ ပါဝင်ယှဉ်ပြိုင်ခဲ့ရာမှ ယခုအခါ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် က ပြိုင်ပွဲကို ပရိသတ်များ ပိုမိုစိတ်ဝင်စားမှုရှိလာစေ ရန်နှင့် ပိုမိုပြီးအကြိတ်အနယ်ရှိလာစေရန်အတွက် ပြိုင်ပွဲဝင်အသင်းအရေအတွက်ကို တိုးမြှင့်ကျင်းပရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်က ပြိုင်ပွဲဝင် အသင်းအရေအတွက်ကို အတည်ပြုပေးခဲ့ပြီးနောက် ကိုယ်စားပြုပါဝင်ရမည့် အသင်းအရေအတွက်ကို မကြာမီထုတ်ပြန်မည်ဖြစ်ကာ ၂၀၂၁ ကလပ်ကမ္ဘာ့ ဖလားပြိုင်ပွဲတွင် ချယ်လ်ဆီးအသင်းက ချန်ပီယံဆု ဆွတ်ခူးထားပြီး ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲတစ်လျှောက် ရီးယဲလ်မက်ဒရစ်အသင်းက ချန်ပီယံဆုလေးကြိမ်ဖြင့် အများဆုံးအသင်းအဖြစ် ရပ်တည်နေကြောင်း သိရသည်။
Ref;FIFA.Com