ခရိုအေးရှားအသင်းက မော်ရိုကိုအသင်းကိုအနိုင်ရရှိပြီး ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် တတိယဆုဆွတ်ခူးရရှိ
ကာတာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပ လျက်ရှိသည့် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲ တတိယလု ပွဲအဖြစ် ခရိုအေးရှားအသင်းနှင့် မော်ရိုကိုအသင်း တို့ယှဉ်ပြိုင်ကစားရာ ခရိုအေးရှားအသင်းက ၂ ဂိုး- ၁ ဂိုးဖြင့်အနိုင်ရရှိပြီး တတိယဆုဆွတ်ခူးရရှိကြောင်း သိရသည်။
အဆိုပါပွဲစဉ်တွင် ပွဲစကတည်းက နှစ်သင်းစလုံး အပြန်အလှန်ဖိအားပေးမှုများဖြင့် အကြိတ်အနယ်ရှိခဲ့ပြီး ပွဲချိန်ခုနစ်မိနစ်တွင် ဂါဗာဒီလိုက ခရိုအေးရှားအသင်းအတွက် ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့သော်လည်း ပွဲချိန်ကိုးမိနစ်တွင် ဒါရီက မော်ရိုကိုအသင်းအတွက် ချေပဂိုးပြန်လည်သွင်းယူနိုင်ခဲ့သည်။ ထို့နောက် ပွဲချိန် ၄၂ မိနစ်တွင် အော်ရီဆစ်က ခရိုအေးရှားအသင်း အတွက် ထပ်မံဂိုးသွင်းယူနိုင်ခဲ့၍ ပထမပိုင်းအပြီးတွင် ခရိုအေးရှားအသင်းက ၂ ဂိုး-၁ ဂိုးဖြင့် ဦးဆောင်နိုင်ခဲ့သည်။
ယင်းနောက် ပွဲချိန်ဒုတိယပိုင်းတွင် နှစ်သင်းစလုံး ဂိုးသွင်းရန် အခွင့်အရေးများ ရရှိခဲ့သော်လည်း အခွင့်အရေးများကို အသုံးချနိုင်ခြင်း မရှိသည့်အတွက် ပထမပိုင်းသွင်းဂိုးများဖြင့် ခရိုအေးရှားအသင်းက အနိုင်ရရှိခဲ့သည်။
ခရိုအေးရှားအသင်းသည် ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဗိုလ်လုပွဲအဆင့်ထိ တက်ရောက်နိုင်ပြီး ပြင်သစ်အသင်းကို ရှုံးနိမ့်ခဲ့သောကြောင့် ဒုတိယဆုဖြင့်သာ ကျေနပ်ခဲ့ရကာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် တတိယဆုဆွတ်ခူးနိုင်ခဲ့သည့်အတွက် ကမ္ဘာ့ဖလားပြိုင်ပွဲနှစ်ကြိမ်ဆက် ဆုတံဆိပ်ရယူနိုင်ခဲ့ခြင်း ဖြစ်သည်။
ထို့ပြင် ခရိုအေးရှားအသင်းသည် ကမ္ဘာ့ဖလား ပြိုင်ပွဲ နောက်ဆုံးနှစ်ကြိမ်ဆက်တွင် ရလဒ်ကောင်းများ ရရှိအောင်စွမ်းဆောင်နိုင်ခဲ့ပြီး ပြိုင်ပွဲနှစ်ခုတွင် ၁၄ ပွဲ ကစားခဲ့ရာ နှစ်ပွဲသာရှုံးနိမ့်ခဲ့ကြောင်း သိရသည်။
Ref;Dailymail