ယခုဘောလုံးရာသီအကုန်တွင် လိုက်ပဇစ်အသင်း တိုက်စစ်ကစားသမား အန်ကူကူကိုခေါ်ယူရန် သဘောတူညီမှုရရှိကြောင်း ချယ်လ်ဆီးအသင်း အတည်ပြုကြေညာ

ယခုဘောလုံးရာသီအကုန်တွင် လိုက်ပဇစ်အသင်း တိုက်စစ်ကစားသမား အန်ကူကူကိုခေါ်ယူရန် သဘောတူညီမှုရရှိကြောင်း ချယ်လ်ဆီးအသင်း အတည်ပြုကြေညာ

ချယ်လ်ဆီးအသင်းက ယခုဘောလုံးရာသီအကုန်တွင်    လိုက်ပဇစ်အသင်းမှ    တိုက်စစ်ကစားသမား အန်ကူကူကိုခေါ်ယူရန်  သဘောတူညီမှုရရှိကြောင်း အတည်ပြုကြေညာခဲ့သည်။

ချယ်လ်ဆီးအသင်းသည်     လိုအပ်ချက်များ ရှိနေသည့်   အသင်းတိုက်စစ်ပိုင်းအတွက်   အန်ကူကူကို ခေါ်ယူနိုင်ရေး  အစောပိုင်းကတည်းက ကြိုးပမ်းခဲ့ရာမှ ယခုဘောလုံးရာသီအကုန်တွင်    ခေါ်ယူရန်သဘော တူညီမှုရရှိခဲ့ခြင်း ဖြစ်သည်။

ချယ်လ်ဆီးအသင်းက အန်ကူကူကို ခေါ်ယူနိုင်ပြီဟု အတည်ပြုကြေညာခဲ့သော်လည်း   ပြောင်းရွှေ့ကြေးကို အတည်ပြုထုတ်ပြန်ခြင်း မရှိဘဲ   အနည်းဆုံးပြောင်း ရွှေ့ကြေး စတာလင်ပေါင် သန်း ၆၀ မှ သန်း ၇၀ ကြား ပေးချေရဖွယ်ရှိသည်။

ချယ်လ်ဆီးအသင်းက အန်ကူကူကို ခေါ်ယူနိုင်ပြီ ဖြစ်သော်လည်း  ၎င်းင်းအနေဖြင့်  ယခုဘောလုံးရာသီ  အကုန်ထိ  လိုက်ပဇစ်အသင်း၌  ကစားမည်ဖြစ်ကာ ယခုဘောလုံးရာသီအကုန်မှသာ ချယ်လ်ဆီးအသင်းနှင့် လာရောက်ပူးပေါင်းမည်ဖြစ်သည်။

အန်ကူကူကိုခေါ်ယူရန် သဘောတူညီမှုရရှိထား၍ အင်တာမီလန်အသင်းထံ  တစ်နှစ်အငှားစာချုပ်ဖြင့်  စေလွှတ်ထားသည့်  လူကာကူကို  လာမည့်ဇန်နဝါရီ ကစားသမား အပြောင်းအရွှေ့ကာလ     သို့မဟုတ်  နွေရာသီကစားသမား အပြောင်းအရွှေ့ကာလတွင် ပြန်လည်ရောင်းချရန်  ပြင်ဆင်ထားကြောင်း သိရသည်။

                        Ref;Football London