ကမ္ဘာ့ဖလားပြိုင်ပွဲ သမိုင်းတစ်လျှောက် ပြိုင်ပွဲတစ်ခုအတွင်း အဆင့်အားလုံး၌ ဂိုးသွင်းယူနိုင်သည့် ပထမဆုံးကစားသမားအဖြစ် မက်ဆီမှတ်တမ်းရရှိ
အာဂျင်တီးနားအသင်းခေါင်းဆောင်မက်ဆီသည် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲ ဗိုလ်လုပွဲအဖြစ် အာဂျင် တီးနားအသင်းနှင့် ပြင်သစ်အသင်းတို့ ကစားသည့်ပွဲစဉ်တွင် အာဂျင်တီးနားအသင်းအတွက် ဂိုးသွင်းယူနိုင်ပြီးနောက် ကမ္ဘာ့ဖလားပြိုင်ပွဲသမိုင်းတစ်လျှောက် ပြိုင်ပွဲတစ်ခုအတွင်း အဆင့်အားလုံး၌ ဂိုးသွင်းယူနိုင်သည့် ပထမဆုံးကစားသမားအဖြစ် မှတ်တမ်းရရှိခဲ့ကြောင်း သိရသည်။
အာဂျင်တီးနားအသင်းက ပြင်သစ်အသင်းကို ပယ်နယ်တီအဆုံးအဖြတ်ဖြင့်အနိုင်ရရှိပြီး ချန်ပီယံဆု ဆွတ်ခူး နိုင်သည့်ပွဲစဉ်တွင် မက်ဆီသည် အကောင်း ဆုံးခြေစွမ်းပြကစားနိုင်ခဲ့ကာ ပွဲချိန် ၂၃ မိနစ်နှင့် ပွဲချိန် ၁၀၈ မိနစ်တို့တွင် အသင်းအတွက် နှစ်ဂိုးသွင်းယူနိုင်ပြီးနောက် ကမ္ဘာ့ဖလားပြိုင်ပွဲသမိုင်းတစ်လျှောက် အုပ်စုအဆင့်၊ ၁၆ သင်းရှုံးထွက်အဆင့်၊ ကွာတားဖိုင်နယ်အဆင့်၊ ဆီမီးဖိုင်နယ်အဆင့်နှင့် ဗိုလ်လုပွဲတို့တွင် ဂိုးသွင်းယူနိုင်သည့် ပထမဆုံးကစားသမားအဖြစ် မှတ်တမ်းရရှိခဲ့သည်။
ထို့ပြင် မက်ဆီသည် အင်္ဂလန်အသင်းမှ ဆာဘော်ဘီချာလ်တန်၊ ဂျာမနီအသင်းမှ ဘက်ကင်ဘောင်ဝါ၊ ဂက်စ်မူလာ၊ အီတလီအသင်းမှ ပေါ်လိုရော့စီ၊ ပြင်သစ် အသင်းမှ ဇီဒန်း၊ ဘရာဇီးအသင်းမှ ရီဗယ်ဒို၊ ရော် နယ်ဒင်ဟို၊ ကာကာတို့ပြီးလျှင် ကမ္ဘာ့ဖလားချန်ပီယံ ဆု၊ ကမ္ဘာ့အကောင်းဆုံးကစားသမားဆုနှင့် ချန်ပီယံ လိဂ်ဆုဖလားရရှိခဲ့သည့် ကိုးဦးမြောက်ကစားသမား ဖြစ်လာခဲ့သည်။
မက်ဆီသည် ကစားသမားဘဝတစ်လျှောက် ပါဝင်ယှဉ်ပြိုင်ခဲ့ဖူးသော ပြိုင်ပွဲများဖြစ်သည့် ချန်ပီယံ လိဂ်၊ စပိန်လာလီဂါ၊ ပြင်သစ်လီဂူးဝမ်း၊ ကိုပါအမေရိက ဖလားနှင့်ကမ္ဘာ့ဖလားပြိုင်ပွဲတို့တွင် ချန်ပီယံဆုများ ဆွတ်ခူးနိုင်ခဲ့သည့် တစ်ဦးတည်းသော ကစားသမား အဖြစ်လည်း စံချိန်တင်နိုင်ခဲ့ကြောင်း သိရသည်။
Ref;Bleacher Report Football