၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲသမိုင်းတစ်လျှောက် ဗိုလ်လုပွဲတွင် ဟက်ထရစ်သွင်းယူနိုင်သည့် ဒုတိယမြောက် ကစားသမားအဖြစ် အမ်ဘတ်ပီမှတ်တမ်းဝင်

၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲသမိုင်းတစ်လျှောက် ဗိုလ်လုပွဲတွင် ဟက်ထရစ်သွင်းယူနိုင်သည့် ဒုတိယမြောက် ကစားသမားအဖြစ် အမ်ဘတ်ပီမှတ်တမ်းဝင်

ပြင်သစ်အသင်းတိုက်စစ်ကစားသမား အမ်ဘတ်ပီ သည် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲ ဗိုလ်လုပွဲအဖြစ် အာဂျင် တီးနား အသင်းနှင့်    ပြင်သစ်အသင်းတို့ကစားသည့်ပွဲစဉ်တွင်  အသင်းအတွက် သုံးဂိုး (ဟက်ထရစ်သွင်းဂိုး) သွင်းယူနိုင်ပြီးနောက်     ကမ္ဘာ့ဖလားပြိုင်ပွဲသမိုင်းတစ်လျှောက်   ဗိုလ်လုပွဲတွင်  ဟက်ထရစ်သွင်းယူနိုင်သည့်  ဒုတိယမြောက်ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။

အဆိုပါပွဲစဉ်တွင်  အမ်ဘတ်ပီသည်  အသင်းနှင့် အတူ  အကောင်းဆုံးခြေစွမ်းပြနိုင်ပြီး   ပွဲချိန် မိနစ် ၈၀၊ ၈၁ မိနစ်နှင့် ၁၁၈ မိနစ်တို့တွင် အသင်းအတွက် သုံးဂိုးသွင်းယူနိုင်ပြီးနောက် ဗိုလ်လုပွဲတွင် ဟက်ထရစ်သွင်းယူနိုင်သည့်   ဒုတိယမြောက်ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ခြင်းဖြစ်သည်။

ကမ္ဘာ့ဖလားပြိုင်ပွဲ သမိုင်းတစ်လျှောက်  ဗိုလ်လုပွဲတွင် ဟက်ထရစ်သွင်းယူနိုင်ခဲ့သည့် ပထမဆုံး ကစားသမားအဖြစ်   ၁၉၆၆   ကမ္ဘာ့ဖလားဗိုလ်လုပွဲအဖြစ် အင်္ဂလန်အသင်းက အနောက်ဂျာမနီအသင်းကို ၄ ဂိုး-၂ ဂိုးဖြင့်အနိုင်ရရှိသည့်ပွဲစဉ်တွင်  အင်္ဂလန်အသင်းမှ ဂျော့ချ်ဟတ်က     ဟက်ထရစ်သွင်းယူနိုင်ခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် အမ်ဘတ်ပီသည် လက်ရှိတွင် ကမ္ဘာ့ဖလား သွင်းဂိုး  ၁၂  ဂိုးအထိရှိလာပြီးနောက်  ကမ္ဘာ့ဖလားပြိုင်ပွဲ သွင်းဂိုးအများဆုံး စံချိန်ဖြစ်သည့် ကလိုဆေး၏ သွင်းဂိုးစံချိန်ကို လိုက်မီနိုင်ရန် လေးဂိုးသာ လိုအပ်တော့ ကြောင်း သိရသည်။               

Ref;Dailymail