၀န်ကြီးဌာနပေါင်းစုံ အသက်၂၅ နှစ်အောက် ဘောလုံး(အမျိုးသား)ပြိုင်ပွဲများ ဆက်လက်ကျင်းပ

၀န်ကြီးဌာနပေါင်းစုံ အသက်၂၅ နှစ်အောက် ဘောလုံး(အမျိုးသား)ပြိုင်ပွဲများ ဆက်လက်ကျင်းပ

ဝန်ကြီးဌာနပေါင်းစုံအားကစားပြိုင်ပွဲမှတစ်ဆင့် နိုင်ငံ့ဂုဏ်ဆောင်နိုင်သည့်ဘောလုံး အားကစားသမား ကောင်းများစွာ ထွက်ပေါ်လာစေရန်ရည်ရွယ်၍   အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ကြီးမှူးကျင်းပသည့် ၂၀၂၃ ခုနှစ် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌဖလားဝန်ကြီးဌာနပေါင်းစုံ  အသက်  ၂၅ နှစ်အောက် (အမျိုးသား) ဘောလုံးပြိုင်ပွဲကို နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လေ့ကျင့်ရေး ကွင်းအမှတ်(၁)နှင့်(၃)တို့၌ ကျင်းပသည်။

ယနေ့နံနက်ပိုင်းတွင် ဝန်ကြီးဌာနပေါင်းစုံ အသက် ၂၅ နှစ်အောက်(အမျိုးသား) ဘောလုံးပြိုင်ပွဲ ပထမအဆင့်အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ   လေ့ကျင့်ရေးကွင်းအမှတ်(၃) ၌  ပြန်ကြားရေးဝန်ကြီးဌာနအသင်းက စွမ်းအင်ဝန်ကြီးဌာနအသင်းကို ၂ ဂိုး ဂိုးမရှိ ဖြင့်လည်းကောင်း၊ ညနေ  ၃  နာရီတွင် လေ့ကျင့်ရေးကွင်းအမှတ်(၁)၌ ဆောက် လုပ်ရေးဝန်ကြီးဌာနအသင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာနအသင်းကို ၅ ဂိုး ဂိုးမရှိဖြင့်လည်းကောင်း၊ လေ့ကျင့်ရေးကွင်း အမှတ်(၃)၌ ပြည်ထဲရေးဝန်ကြီးဌာနအသင်းက သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနအသင်းကို ၄ ဂိုး ၁ ဂိုးဖြင့်လည်းကောင်း အသီးသီးအနိုင်ရရှိသည်။

အဆိုပါပြိုင်ပွဲသို့ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ တပ်မတော်မှ အရာရှိကြီးများနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ဝန်ထမ်းများ၊ ဘောလုံးအားကစား   ဝါသနာရှင်များ လာရောက်ကြည့်ရှုအားပေးကြကြောင်း သိရသည်။