၀န်ကြီးဌာနပေါင်းစုံ ဖူဆယ်(အမျိုးသား)ပြိုင်ပွဲများကျင်းပ

၀န်ကြီးဌာနပေါင်းစုံ ဖူဆယ်(အမျိုးသား)ပြိုင်ပွဲများကျင်းပ

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန က ကြီးမှူးကျင်းပသည့် ၂၀၂၃ ခုနှစ် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်း အမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌဖလား ဝန်ကြီးဌာနပေါင်းစုံ ဖူဆယ်(အမျိုးသား)ပြိုင်ပွဲပွဲစဉ်များကို ယနေ့နံနက် ၈ နာရီမှစတင်၍ နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ ဖူဆယ်အားကစားရုံ၌ စတင်ကျင်းပသည်။

 ဖူဆယ်(အမျိုးသား)ပြိုင်ပွဲ ပွဲစဉ်များ အဖြစ်  ပညာရေးဝန်ကြီးဌာနအသင်းက ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးအသင်းကို ၈ ဂိုး ဂိုးမရှိဖြင့်လည်းကောင်း၊ ပြန်ကြား ရေးဝန်ကြီးဌာနအသင်းက သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာနအသင်းကို  ၄ ဂိုး ၃ ဂိုးဖြင့် လည်းကောင်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအသင်းက နိုင်ငံခြားရေးဝန်ကြီးဌာနအသင်းကို ၈ ဂိုး ဂိုးမရှိဖြင့် လည်းကောင်း၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန အသင်းက လျှပ်စစ် စွမ်းအားဝန်ကြီးဌာနအသင်းကို ၁၁ ဂိုး ၁ ဂိုးဖြင့်လည်းကောင်း၊ အဂတိ လိုက်စားမှုတိုက် ဖျက်ရေးကော်မရှင်အသင်းက နိုင်ငံတော်စီမံ  အုပ်ချုပ်ရေးကောင်စီရုံး အသင်းကို  ၄ ဂိုး၃ ဂိုးဖြင့်လည်းကောင်း အနိုင်ရရှိသည်။

အဆိုပါ ဖူဆယ်(အမျိုးသား)ပြိုင်ပွဲများသို့ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်နှင့်  အားကစားဝါသနာရှင်များ လာရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။