ရခိုင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ လုပ်ငန်းများနှင့် ပညာရည်မြင့်မားရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်

ရခိုင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ လုပ်ငန်းများနှင့် ပညာရည်မြင့်မားရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်

နေပြည်တော်၊ ဒီဇင်ဘာ - ၂၁

     ရခိုင်ပြည်နယ်အတွင်း ဆောင်ရွက်လျက်ရှိသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် ပညာရည်မြင့်မားရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ယနေ့နံနက်ပိုင်းတွင် စစ်တွေမြို့ရှိ ပြည်နယ်အစိုးရအဖွဲ့ရုံးဧည့်ခန်းမ၌ ပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်းနှင့် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦး၊ ပြည်နယ်ဝန်ကြီးများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။

    ဦးစွာ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက ပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် ပညာရည်မြင့်မားရေးဆိုင်ရာ အခြေအနေ များနှင့်ပတ်သက်၍ ဆွေးနွေးတင်ပြကြရာ ပြည်နယ် ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။