မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး သဘောထားထုတ်ပြန်ချက်

မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး

သဘောထားထုတ်ပြန်ချက်

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်

၁။      ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ(၁၈)ရက်၊ တနင်္ဂနွေနေ့ ညနေပိုင်းတွင်  ပန်းဆိုးတန်း ဆိပ်ကမ်းမှ ဒလဆိပ်ကမ်းသို့ မောင်းနှင်လာသော ချယ်ရီ(၂)ရေယာဉ်ကို အကြမ်းဖက် သမားအချို့က လက်လုပ်မိုင်းဖြင့် မိုင်းထောင်ဖောက်ခွဲခဲ့ကြောင်းနှင့် အပြစ်မဲ့ခရီးသွား ပြည်သူ စုစုပေါင်း(၁၇)ဦး မှိုင်းစထိမှန် ဒဏ်ရာရရှိခဲ့ပါကြောင်း ကြားသိရပါသည်။

၂။      ဤသို့ ခရီးသွားပြည်သူများ စီးနင်းလိုက်ပါလာသည့် ရေယာဉ်အား တိုက်ခိုက်ခဲ့ သည့် အကြမ်းဖက်လုပ်ရပ်ကို မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက ပြင်းထန်စွာ ကန့်ကွက် ရှုတ်ချကြောင်း သဘောထား ထုတ်ပြန်အပ်ပါသည်။

မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး