မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို)
သဘောထားထုတ်ပြန်ချက်
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၉ ရက်
၁။ ဒီဇင်ဘာလ ၁၈ ရက်နေ့၊ ညနေ(၆:၄၀)မိနစ်ခန့်တွင် ရန်ကုန်တိုင်း ဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်၊ မိသားစုရပ်ကွက်၊ ပန်းဆိုးတန်းဆိပ်ကမ်းမှ ဒလဆိပ်ကမ်းသို့ ထွက်ခွာမောင်းနှင်လာသည့် ချယ်ရီ(၂)ရေယာဉ်အား PDF အမည်ခံ အကြမ်းဖက်သမားများက မိုင်းထောင်ဖောက်ခွဲခဲ့သဖြင့် အပြစ်မဲ့ ခရီးသွားပြည်သူ(၁၇)ဦး မိုင်းစများထိမှန်၍ ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရှိရသည့်ဖြစ်စဉ်အပေါ် မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို)အနေဖြင့် လွန်စွာပင်စိတ်နှလုံးမချမ်းမြေ့ ဖြစ်ရပါသည်။
၂။ ယခုကဲ့သို့ ပြည်တွင်းရေကြောင်းအပိုင် - ချယ်ရီ(၂)ရေယာဉ်ပေါ်တွင် စီးနင်း လိုက်ပါလာသည့်အပြစ်မဲ့ ခရီးသွားပြည်သူများအား လူမဆန်စွာ ဒေသန္တရ လက်လုပ်မိုင်းတစ်လုံးဖြင့် ဖောက်ခွဲဖျက်ဆီးခဲ့ကြသည့် PDF အမည်ခံ အကြမ်းဖက်သမားများကို မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို)က ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း သဘောထားထုတ်ပြန်အပ်ပါသည်။
မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို)