နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ဝန်ကြီးဌာနပေါင်းစုံ ပိုက်ကျော်ခြင်း(အမျိုးသား)ပြိုင်ပွဲများ ဆက်လက်ကျင်းပ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ဝန်ကြီးဌာနပေါင်းစုံ ပိုက်ကျော်ခြင်း(အမျိုးသား)ပြိုင်ပွဲများ ဆက်လက်ကျင်းပ

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ကြီးမှူးကျင်းပသည့် ၂၀၂၃ ခုနှစ် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား  ဝန်ကြီးဌာန ပေါင်းစုံ  ပိုက်ကျော်ခြင်း(အမျိုးသား)ပြိုင်ပွဲ ပွဲစဉ်များကို ယနေ့နံနက် ၉ နာရီမှစတင်၍ နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ   လက်ဝှေ့အားကစားရုံ၌ ဆက်လက်ကျင်းပခဲ့သည်။

ပိုက်ကျော်ခြင်း (အမျိုးသား)ပြိုင်ပွဲအဖြစ် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်အသင်းက အလုပ်သမား ဝန်ကြီးဌာန အသင်းကို ၂ ပွဲ  ၁ ပွဲဖြင့်လည်းကောင်း၊ နယ်စပ်ရေးရာဝန်ကြီးဌာနအသင်းက တိုင်းရင်းသား လူမျိုးများရေးရာ ဝန်ကြီးဌာနအသင်းကို ၂ ပွဲပြတ်ဖြင့် လည်းကောင်း၊ ပြည်ထဲရေးဝန်ကြီးဌာန အသင်းက ဆောက်လုပ်ရေးဝန်ကြီးဌာနအသင်းကို ၂ ပွဲ ၁ ပွဲဖြင့်လည်းကောင်း၊  ပညာရေး ဝန်ကြီးဌာနအသင်းက စွမ်းအင်ဝန်ကြီးဌာနအသင်းကို  ၂ ပွဲ ၁ ပွဲဖြင့်လည်းကောင်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ် ရေးဝန်ကြီးဌာနအသင်းက သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနအသင်းကို ၂ ပွဲပြတ်ဖြင့် လည်းကောင်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအသင်းက ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးအသင်းကို ၂ ပွဲပြတ်ဖြင့် လည်းကောင်း    အသီးသီး အနိုင်ရရှိသည်။