နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ဝန်ကြီးဌာနပေါင်းစုံ အသက် ၂၅ နှစ်အောက် ဘောလုံး(အမျိုးသား)ပြိုင်ပွဲ ဆက်လက်ကျင်းပ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ဝန်ကြီးဌာနပေါင်းစုံ အသက် ၂၅ နှစ်အောက် ဘောလုံး(အမျိုးသား)ပြိုင်ပွဲ ဆက်လက်ကျင်းပ

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှကြီးမှူးကျင်းပသည့် ၂၀ ၂၃ ခုနှစ် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ဝန်ကြီးဌာနပေါင်းစုံ အသက်၂၅ နှစ်အောက်  (အမျိုးသား)ဘောလုံးပြိုင်ပွဲကို နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လေ့ကျင့်ရေးကွင်းအမှတ်(၁)နှင့် (၃)တို့တွင် ဆက်လက်ယှဉ်ပြိုင်ကစားကြသည်။

ယနေ့နံနက်ပိုင်းတွင်   ဝန်ကြီးဌာနပေါင်းစုံ အသက် ၂၅ နှစ်အောက် (အမျိုးသား)ဘောလုံးပြိုင်ပွဲ   ပထမအဆင့်အုပ်စု ပတ်လည်ပြိုင်ပွဲ  ပွဲစဉ်များအဖြစ်  ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လေ့ကျင့်ရေး ကွင်းအမှတ်(၃)၌ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနအသင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနအသင်းကို ၂ ဂိုးဂိုးမရှိဖြင့် လည်းကောင်း၊ ညနေ ၃ နာရီတွင် လေ့ကျင့်ရေးကွင်းအမှတ်(၁)၌ နယ်စပ်ရေးရာဝန်ကြီးဌာနအသင်းက ပြန်ကြားရေးဝန်ကြီးဌာနအသင်းကို  ၄ ဂိုး ဂိုးမရှိဖြင့်လည်းကောင်း၊  လေ့ကျင့်ရေးကွင်းအမှတ် (၃)၌ကျန်းမာရေးဝန်ကြီးဌာနအသင်းက စွမ်းအင်ဝန်ကြီးဌာနအသင်းကို ၅ ဂိုး ၁ ဂိုးဖြင့် လည်းကောင်း အသီးသီး အနိုင်ရရှိသည်။

အဆိုပါ   အသက် ၂၅ နှစ်အောက် (အမျိုးသား)ဘောလုံးပြိုင်ပွဲသို့ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယ ဝန်ကြီးများနှင့် ဘောလုံးအားကစားဝါသနာရှင်များ လာရောက်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။