ပုသိမ်မြို့၌ (၈၅)နှစ်မြောက် ကရင်အမျိုးသားနှစ်သစ်ကူးနေ့ ကျင်းပပြုလုပ်

ပုသိမ်မြို့၌ (၈၅)နှစ်မြောက် ကရင်အမျိုးသားနှစ်သစ်ကူးနေ့ ကျင်းပပြုလုပ်

နေပြည်တော်၊ ဒီဇင်ဘာ - ၂၂

          ဧရာဝတီတိုင်းဒေသကြီး၊ (၈၅)နှစ်မြောက်ကရင်အမျိုးသားနှစ်သစ်ကူးနေ့ကို ယနေ့နံနက်ပိုင်းတွင် ပုသိမ်မြို့၊ အမှတ်(၅)အခြေခံပညာ အထက်တန်းကျောင်း၊ ပင်လုံ ခန်းပ၌ပြုလုပ်ရာ အနောက်တောင်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် အောင်ခင်ဇော်နှင့် တာဝန်ရှိသူများ၊ ကရင်တိုင်းရင်းသား/တိုင်းရင်းသူများနှင့် ဖိတ်ကြား ထားသူများ တက်ရောက်ကြသည်။

          ဦးစွာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး စောလင်းခယ်က ကရင်ရိုးရာ ဖားစည်(၉)ချက်တီး၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့သည်။ ထို့နောက် ဒုတိယတိုင်းမှူးက နှုတ်ခွန်းဆက် အမှာစကားပြောကြားခဲ့သည်။ ၎င်းနောက် ပြည်ထောင်စု တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးက ပေးပို့သည့် ကရင်အမျိုးသား နှစ်သစ်ကူး သဝဏ်လွှာကို တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာ ဝန်ကြီးက ဖတ်ကြားခဲ့ပြီး ဗုဒ္ဓဘာသာဘုန်းတော်ကြီး(၁)ပါးနှင့် ခရစ်ယာန်ဘုန်းတော် ကြီး(၁)ပါးတို့က နှုတ်ခွန်းဆက် အမှာစကားများ အသီးသီးပြောကြားကြရာ တိုင်းဒေသကြီး ကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီမှ တာဝန်ရှိသူတစ်ဦးက ကျေးဇူး တင်စကား ပြန်လည်ပြောကြားသည်။ ယင်းနောက် ဒုတိယတိုင်းမှူးနှင့် တက်ရောက် လာကြသူများက ကရင်အမျိုးသား နှစ်သစ်ကူးနေ့ အထိမ်းအမှတ် ပြခန်းများအား လိုက်လံကြည့်ရှုခဲ့ကြကြောင်း သတင်း ရရှိသည်။