၀န်ကြီးဌာနပေါင်းစုံ အသက်(၂၅)နှစ်အောက်(အမျိုးသား)ဘောလုံး ပြိုင်ပွဲဆက်လက်ကျင်းပ

၀န်ကြီးဌာနပေါင်းစုံ အသက်(၂၅)နှစ်အောက်(အမျိုးသား)ဘောလုံး ပြိုင်ပွဲဆက်လက်ကျင်းပ

နေပြည်တော်  ဒီဇင်ဘာ  ၂၂

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှကြီးမှူးကျင်းပသည့် ၂၀၂၃ ခုနှစ်(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ဝန်ကြီးဌာနပေါင်းစုံ အသက်(၂၅)နှစ်အောက်  (အမျိုးသား) ဘောလုံးပြိုင်ပွဲကို နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လေ့ကျင့်ရေးကွင်း အမှတ် (၁)နှင့်(၃)တို့၌ ကျင်းပခဲ့သည်။    

ယနေ့နံနက်ပိုင်းတွင် ဝန်ကြီးဌာနပေါင်းစုံ အသက်(၂၅)နှစ်အောက် (အမျိုးသား)ဘောလုံးပြိုင်ပွဲ ပထမအဆင့်အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လေ့ကျင့်ရေးကွင်းအမှတ်(၃)၌ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအသင်းနှင့် အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန အသင်းတို့မှာ တစ်ဖက်နှစ်ဂိုးစီသရေရလဒ်ထွက်ပေါ်ခဲ့ပြီး  ညနေ  ၃ နာရီတွင် လေ့ကျင့်ရေးကွင်းအမှတ်(၁)၌ ပြည်ထဲရေး ဝန်ကြီးဌာနအသင်းက ဆောက်လုပ်ရေးဝန်ကြီးဌာနအသင်းကို ၃ဂိုး ၂ ဂိုးဖြင့်အနိုင်ရရှိပြီး လေ့ကျင့်ရေးကွင်း အမှတ်(၃)၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအသင်းနှင့် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအသင်းတို့မှာ တစ်ဖက်နှစ်ဂိုးစီ သရေရလဒ်ထွက်ပေါ်ခဲ့သည်။

အဆိုပါ အသက်(၂၅)နှစ်အောက် (အမျိုးသား) ဘောလုံးပြိုင်ပွဲသို့  ဒုတိယဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ညွှန်ကြားရေးမှူးများ၊    တပ်မတော်မှအရာရှိကြီးများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် အရာထမ်း/အမှုထမ်းများ၊ ဘောလုံးအားကစားဝါသနာရှင်များ လာရောက်ကြည့်ရှုအားပေးသည်။

ဝန်ကြီးဌာနပေါင်းစုံ အသက်(၂၅)နှစ်အောက် (အမျိုးသား)ဘောလုံးပြိုင်ပွဲ ပထမအဆင့် အုပ်စုပတ်လည်ပွဲစဉ်များအဖြစ် ဒီဇင်ဘာ၂၃ ရက်(ယနေ့) နံနက် ၇ နာရီခွဲတွင် လေ့ကျင့်ရေးကွင်းအမှတ်(၃)၌ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနအသင်းနှင့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအသင်း၊ ညနေ ၃ နာရီတွင် လေ့ကျင့်ရေးကွင်းအမှတ်(၁)၌ ပညာရေးဝန်ကြီးဌာနအသင်းနှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနအသင်း၊ လေ့ကျင့်ရေး ကွင်းအမှတ်(၃)၌ ကာကွယ်ရေးဝန်ကြီးဌာန အသင်းနှင့်   လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနအသင်းတို့ ဆက်လက်ယှဉ်ပြိုင် ကစားသွားကြမည်ဖြစ်၍   အားကစား ဝါသနာရှင်များ အနေဖြင့် မည်သူမဆိုအခမဲ့ လာရောက်ကြည့်ရှု အားပေးနိုင်ကြောင်း သိရသည်။                         

ကျော်လွင်