နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌဖလား ဝန်ကြီးဌာနပေါင်းစုံ ဖူဆယ်(အမျိုးသား) ပြိုင်ပွဲများ ဆက်လက် ကျင်းပ

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌဖလား ဝန်ကြီးဌာနပေါင်းစုံ ဖူဆယ်(အမျိုးသား) ပြိုင်ပွဲများ ဆက်လက် ကျင်းပ

နေပြည်တော်  ဒီဇင်ဘာ  ၂၂

    အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာနမှ ကြီးမှူးကျင်းပသည့် ၂၀၂၃ ခုနှစ်(၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌဖလား ဝန်ကြီးဌာနပေါင်းစုံ ဖူဆယ်(အမျိုးသား)ပြိုင်ပွဲ  ပွဲစဉ်များကို ယနေ့နံနက် ၈ နာရီမှစတင်၍ နေပြည်တော် ဝဏ္ဏသိဒ္ဓိ အားကစားကွင်းရှိ     ဖူဆယ်အားကစားရုံ၌ ဆက်လက်ယှဉ်ပြိုင် ကစားသည်။

ဖူဆယ်(အမျိုးသား) ပြိုင်ပွဲ ပွဲစဉ်များအဖြစ် လူမှုဝန်ထမ်း၊  ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန အသင်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီရုံး အသင်းကို ၁၁ ဂိုး ဂိုးမရှိဖြင့်လည်းကောင်း၊  ကာကွယ်ရေးဝန်ကြီးဌာနအသင်းက တိုင်းရင်း

သားလူမျိုးများရေးရာ ဝန်ကြီးဌာနအသင်းကို ၁၄ ဂိုး ဂိုးမရှိဖြင့် လည်းကောင်း၊ ပြည်ထဲရေး ဝန်ကြီးဌာနအသင်းက ပြည်ထောင်စု အစိုးရအဖွဲ့ရုံး အသင်းကို ၁၆ ဂိုး ဂိုးမရှိဖြင့် လည်းကောင်း၊ စွမ်းအင်ဝန်ကြီးဌာန အသင်းက ပြန်ကြားရေးဝန်ကြီးဌာန အသင်းကို ၁၀ဂိုး ၂ ဂိုးဖြင့် လည်းကောင်း၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန အသင်းက နိုင်ငံခြားရေး ဝန်ကြီးဌာနအသင်းကို ၉ ဂိုး ၃ ဂိုးဖြင့် လည်းကောင်း အသီးသီး အနိုင်ရရှိသည်။

အဆိုပါ ဖူဆယ်(အမျိုးသား) ပြိုင်ပွဲများသို့ အားကစားနှင့် လူငယ်ရေးရာဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ   တာဝန်ရှိသူများနှင့် အားကစားဝါသနာရှင်များ   လာရောက် ကြည့်ရှုအားပေးကြသည်။