(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် အမျိုးသမီး ဘတ်စကက်ဘောပြိုင်ပွဲ ကျင်းပ

 (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် အမျိုးသမီး ဘတ်စကက်ဘောပြိုင်ပွဲ ကျင်းပ

   စစ်ကိုင်းတိုင်းဒေသကြီး  ကသာမြို့တွင်  (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် ကသာခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူးကျင်းပသည့် အမျိုးသမီး ဘတ်စကက်ဘောပြိုင်ပွဲကို ဒီဇင်ဘာ ၂၃ ရက်တွင် ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာန ဧရာရွှေလီခန်းမ၌ ကျင်းပသည်။

   အဆိုပါပြိုင်ပွဲတွင် ကသာခရိုင်အတွင်းရှိ မြို့နယ်များမှ ဘတ်စကက်ဘောအသင်း ရှစ်သင်း     ဝင်ရောက်ယှဉ်ပြိုင်ကြသည်။ ပတ်လည်အားကစားပြိုင်ပွဲတွင် Indaw (B)အားကစားအသင်းနှင့်   Winners အားကစားအသင်းတို့ ယှဉ်ပြိုင်ကြရာ Indaw(B) အားကစားအသင်းက  တတိယနေရာကို လည်းကောင်း၊  MOH အားကစားအသင်းနှင့် fh Indaw(A) အားကစားအသင်းတို့ ဗိုလ်လုပွဲကို   ဆက်လက်ယှဉ်ပြိုင်ရာ MOH အားကစားအသင်းက အနိုင်ရရှိကာ ပထမဒိုင်းဆုဖလားကို   ဆွတ်ခူးခဲ့သည်။ ထို့နောက် ကသာခရိုင် Freedom Fitness Dance အဖွဲ့မှ Fitness Dance အကများဖြင့် ကပြဖျော်ဖြေကြသည်။

   ပြိုင်ပွဲတွင် ဆုရရှိကြသော  အားကစားသမားများကို (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့တွင်   ဆုများအသီးသီး ပေးအပ်မည်ဖြစ်ကြောင်း  သိရသည်။