နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌဖလား ပြည်နယ်နှင့်တိုင်းဒေသကြီး (အလွတ်တန်းဖိတ်ခေါ်) ဂေါက်သီးရိုက်(အမျိုးသား)ပြိုင်ပွဲ စတင်ကျင်းပ
နေပြည်တော် ဒီဇင်ဘာ ၂၄
အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန အားကစားနှင့်ကာယပညာ ဦးစီးဌာနနှင့် မြန်မာနိုင်ငံ ဂေါက်သီးရိုက်အဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် ၂၀၂၃ ခုနှစ် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌဖလား ပြည်နယ်နှင့်တိုင်း ဒေသကြီး (အလွတ်တန်းဖိတ်ခေါ်) ဂေါက် သီးရိုက်(အမျိုးသား)ပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၇ နာရီတွင် နေပြည် တော် မြို့တော်ဂေါက်ကွင်း၌ ကျင်းပရာ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးမျိုးလှိုင်၊ ဒုတိယအမြဲတမ်း အတွင်းဝန် ဦးကျော်ဆန်းနှင့် မြန်မာနိုင်ငံ ဂေါက်သီးရိုက်အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးကိုကိုအေးတို့က ဂေါက်သီးရိုက်၍ ဖွင့်လှစ်ခဲ့ပြီးနောက် ပထမနေ့ ၁၈ ကျင်းပြိုင်ပွဲကို ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ အမျိုးသားပြိုင်ပွဲဝင် အသင်း ၁၅ သင်းမှ အားကစားသမား ၁၀၄ ဦး ဝင်ရောက်ယှဉ်ပြိုင်ကြသည်။
ယနေ့ပြိုင်ပွဲ ပွဲစဉ်များအဖြစ် တစ်ဦးချင်း (အကျောပေး) ပြိုင်ပွဲတွင် သီဟစိုး(ကချင်ပြည်နယ်)မှ သတ်မှတ်ရိုက်ချက် ၇၂ ချက်ထက် လျော့ပြီးအကောင်းဆုံး စုစုပေါင်း ရိုက်ချက် ၆၉ ချက်ဖြင့် အဆင့် (၁)၊ ကျော်မင်းထွန်း(မကွေး)မှ စုစုပေါင်းရိုက်ချက် ၆၉ ချက်ဖြင့် အဆင့်(၂)၊ ချစ်ရင်ထူး(ပဲခူး)မှ စုစုပေါင်း ရိုက်ချက် ၆၉ ချက်ဖြင့် အဆင့်(၃)၊ဆိုင်းဒူ(ကချင်ပြည်နယ်)မှ စုစုပေါင်းရိုက်ချက် ၆၉ ချက်ဖြင့် အဆင့်(၄)၊ဇော်နိုင်(မွန်ပြည်နယ်)မှ စုစုပေါင်းရိုက်ချက် ၇၀ ဖြင့် အဆင့်(၅)တို့အား လည်းကောင်း၊ တစ်ဦးချင်း(အကျောမဲ့)ပြိုင်ပွဲတွင် ကောင်းထိုက်ဇော် (မန္တလေး)မှ သတ်မှတ်ရိုက်ချက် ၇၂ ချက်တွင် အကောင်းဆုံး စုစုပေါင်းရိုက်ချက် ၇၂ ချက်ဖြင့် အဆင့်(၁) ၊ သီဟစိုး(ကချင်ပြည် နယ်)မှ စုစုပေါင်းရိုက်ချက် ၇၃ ချက်ဖြင့် အဆင့်(၂)၊ ဟံသာအုန်း(ကချင်ပြည်နယ်)မှ စုစုပေါင်းရိုက်ချက် ၇၅ ချက်ဖြင့် အဆင့်(၃)၊ ပြည့်ဖြိုးအောင်(နေပြည်တော်)မှ စုစု ပေါင်းရိုက်ချက် ၇၅ ချက်ဖြင့် အဆင့်(၄)၊ ထွန်းနိုင်မင်း(နေပြည်တော်)မှ စုစုပေါင်းရိုက်ချက် ၇၅ ချက်ဖြင့် အဆင့်(၅)တို့အား လည်းကောင်း၊ အသင်းလိုက် (အကျောပေး)ပြိုင်ပွဲတွင် ကချင်ပြည်နယ်မှ သီဟစိုး၊ဆိုင်းဒူ၊ဟံသာအုန်း၊ ကျော်မျိုးအောင်တို့ အတွဲသည် စုစုပေါင်းရိုက်ချက် ၂၀၈ ချက်ဖြင့် အဆင့် (၁)၊ မကွေးမှကျော်မင်းထွန်း၊ တင်လင်းကို၊ နေသူရိန်မင်း၊ ချစ်ကောင်းတို့အတွဲသည် စုစုပေါင်းရိုက်ချက် ၂၁၀ ချက်ဖြင့်အဆင့်(၂)၊ ရှမ်းပြည်နယ်မှကျော်နိုင်ဦး၊နေဝင်းသိန်း၊ ကျော်မင်းနိုင်၊ စိုင်းသန်းအောင်တို့အတွဲသည် စုစုပေါင်းရိုက်ချက် ၂၁၁ ချက်ဖြင့်အဆင့်(၃)၊ မန္တလေးမှ ကောင်းထိုက်ဇော်၊ ပြည့်ဖြိုးအောင်၊ ဇော်ဇော်ထွန်း၊ ကိုကိုလတ်တို့ အတွဲသည် စုစုပေါင်း ရိုက်ချက် ၂၁၂ ချက်ဖြင့် အဆင့် (၄)၊ နေပြည်တော်မှ ထွန်းနိုင်မင်း၊ မျိုးလင်းအောင်၊ ပြည့်ဖြိုးအောင်၊ ထွန်းမြင့်အောင်တို့အတွဲသည် စုစုပေါင်းရိုက်ချက် ၂၁၂ ချက်ဖြင့် အဆင့်(၅)တို့ကို လည်းကောင်း၊ အသင်းလိုက် (အကျောမဲ့) ပြိုင်ပွဲတွင် ကချင်ပြည်နယ်မှ သီဟစိုး၊ ဆိုင်းဒူ၊ ဟံသာအုန်း၊ ကျော်မျိုးအောင် တို့အတွဲသည် စုစုပေါင်းရိုက်ချက် ၂၂၃ချက်ဖြင့် အဆင့် (၁)၊ မန္တလေးမှကောင်းထိုက်ဇော်၊ ပြည့်ဖြိုးအောင်၊ ဇော်ဇော်ထွန်း၊ ကိုကိုလတ်တို့အတွဲသည် စုစုပေါင်းရိုက်ချက် ၂၂၄ ချက်ဖြင့် အဆင့် (၂)၊ နေပြည်တော်မှ ပြည့်ဖြိုးအောင်၊ ထွန်းနိုင်မင်း၊ ထွန်းမြင့်အောင်၊ မျိုးလင်းအောင်တို့ အတွဲသည် စုစုပေါင်း ရိုက်ချက် ၂၂၇ ချက်ဖြင့် အဆင့်(၃)၊ မကွေးမှ တင်လင်းကို၊ ကျော်မင်းထွန်း၊ နေသူရိန်မင်း၊ ချစ်ကောင်းတို့အတွဲသည်စုစုပေါင်းရိုက်ချက် ၂၂၉ ချက်ဖြင့် အဆင့် (၄)၊ စစ်ကိုင်းမှ လှိုင်မြင့်ဇော်၊ လွင်မိုး၊ ဟိန်းထက်စိုး၊ အောင်လင်းဦးတို့အတွဲသည် စုစုပေါင်းရိုက်ချက် ၂၂၉ ချက်ဖြင့် အဆင့်(၅)တို့အား လည်းကောင်း၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ ပြိုင်ပွဲဝင် ဂေါက်သီးရိုက် အားကစားသမားများသည် ပထမနေ့ ၁၈ ကျင်းပြိုင်ပွဲအပြီးတွင် အဆင့်များ အသီးသီး ရရှိခဲ့ကြသည်။