လစ်လပ်နေသည့် ဘရာဇီးအသင်း နည်းပြရာထူးအတွက် ဘရာဇီးနိုင်ငံ ဘောလုံးအဖွဲ့ချုပ်နှင့် ရိုးမားအသင်း နည်းပြ မော်ရင်ဟိုတို့ ဆွေးနွေးမှုများ ပြုလုပ်နေ

လစ်လပ်နေသည့် ဘရာဇီးအသင်း နည်းပြရာထူးအတွက် ဘရာဇီးနိုင်ငံ ဘောလုံးအဖွဲ့ချုပ်နှင့် ရိုးမားအသင်း နည်းပြ မော်ရင်ဟိုတို့ ဆွေးနွေးမှုများ ပြုလုပ်နေ

    ရိုးမားအသင်း နည်းပြမော်ရင်ဟိုသည်    အစောပိုင်းက ပေါ်တူဂီအသင်း နည်းပြရာထူးအတွက် သတင်းများ ထွက်ပေါ်ခဲ့သော်လည်း  ယခုအခါ  လစ်လပ်နေသည့် ဘရာဇီးအသင်းနည်းပြ ရာထူးအတွက် ဘရာဇီးနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် ဆွေးနွေးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

ဘရာဇီးအသင်းသည်  ပြီးခဲ့သည့် ကမ္ဘာ့ဖလားပြိုင်ပွဲတွင်  ချန်ပီယံဆု ဆွတ်ခူးနိုင်ရန်  ရေပန်းအစားဆုံး အသင်းအဖြစ်   ရပ်တည်ခဲ့သော်လည်း  ကွာတား ဖိုင်နယ်အဆင့်တွင် ခရိုအေးရှား အသင်းကို ပယ်နယ်တီ အဆုံးအဖြတ်ဖြင့် ရှုံးနိမ့်ပြီး ပြိုင်ပွဲမှထွက်ခွာခဲ့ရသည့် အတွက်  နည်းပြတီထီသည်လည်း ဘရာဇီးအသင်း နည်းပြရာထူးမှ နုတ်ထွက်ခဲ့ခြင်း ဖြစ်သည်။

ဘရာဇီးနိုင်ငံဘောလုံး အဖွဲ့ချုပ်သည် အစောပိုင်းက လစ်လပ်နေသည့် နည်းပြရာထူးအတွက်   မန်စီးတီး အသင်းနည်းပြ    ဂွါဒီယိုလာကို  ခန့်အပ်လိုနေသော်လည်း ၎င်းသည် မန်စီးတီးအသင်းနှင့် စာချုပ်သက်တမ်း ကျန်ရှိနေသည့် အတွက် ခေါ်ယူရန် ခက်ခဲခဲ့ပြီး ရီးယဲလ်မက်ဒရစ် အသင်းနည်းပြ အန်ဆယ်လော့တီကို ခန့်အပ်ရန်    ထပ်မံစီစဉ်ခဲ့သော်လည်း   အန်ဆယ်လော့တီ ကိုယ်တိုင်က ရီးယဲလ်မက်ဒရစ်အသင်းမှ ထွက်ခွာမည် မဟုတ်ဟု တုံ့ပြန်ခဲ့ခြင်းဖြစ်သည်။

ယခုအခါ    နည်းပြမော်ရင်ဟိုကို   ခန့်အပ်ရန် တရားဝင်ဆွေးနွေးမှုများ ပြုလုပ်နေပြီး  မော်ရင်ဟိုက ရိုးမားအသင်းကိုပါ ပူးတွဲတာဝန် ယူဖွယ်ရှိနေကြောင်း သိရသည်။