၂၀၂၂ ခုနှစ်အတွင်း နေရာအလိုက် အကောင်းဆုံးကစားသမား ၁၁ ဦးစာရင်းတွင် ပရီးမီးယားလိဂ် ပြိုင်ပွဲမှ အများဆုံး အဖြစ် လေးဦးပါဝင်

၂၀၂၂ ခုနှစ်အတွင်း နေရာအလိုက် အကောင်းဆုံးကစားသမား ၁၁ ဦးစာရင်းတွင် ပရီးမီးယားလိဂ် ပြိုင်ပွဲမှ အများဆုံး အဖြစ် လေးဦးပါဝင်

ပြင်သစ်နိုင်ငံအခြေစိုက် ကမ္ဘာ့ထိပ်တန်း အားကစား သတင်းစာဖြစ်သည့်  L'Equipeက စစ်တမ်းကောက် ယူဖော်ပြခဲ့သည့် ၂၀၂၂ ခုနှစ်အတွင်း နေရာအလိုက် အကောင်းဆုံး ကစားသမား ၁၁ ဦးစာရင်းကို ထုတ်ပြန် ခဲ့ရာ ပရီးမီးယားလိဂ်ပြိုင်ပွဲမှ အများဆုံးအဖြစ် လေးဦး အထိ ပါဝင်လာကြောင်း သိရသည်။

L'Equipe က နေရာအလိုက် အကောင်းဆုံး ကစားသမား စာရင်းအတွက် ကစားသမားများ၏ ကျော်ကြားမှုများကို ရမှတ်ထည့်သွင်းခြင်း လုံးဝမရှိဘဲ ၎င်းတို့ တစ်နှစ်အတွင်း ကစားခဲ့သည့်    ပွဲစဉ်တစ်ပွဲချင်းမှ စွမ်းဆောင်ရည်များကို တွက်ချက်ဖော်ပြခဲ့ခြင်း ဖြစ်ပြီး လိုက်ပဇစ်အသင်းနှင့်  ခရိုအေးရှားအသင်း  ခံစစ် ကစားသမား ဂါဗာဒီလိုက  အံ့အားသင့်ဖွယ် ပါဝင်လာခဲ့သည်။

L'Equipe  က  ရွေးချယ်ခဲ့သည့် ၂၀၂၂ ခုနှစ် အတွင်း   နေရာအလိုက် အကောင်းဆုံးကစားသမား စာရင်းတွင်    ကစားသမား အများဆုံး ပါဝင်မှုအဖြစ် ပရီးမီးယားလိဂ်ပြိုင်ပွဲပြီးလျှင် စပိန်လာလီဂါမှ သုံးဦး ပါဝင်လာကာ ဂျာမန်ဘွန်ဒက်စ်လီဂါ ပြိုင်ပွဲ၊ အီတလီ စီးရီးအေပြိုင်ပွဲနှင့်    ပြင်သစ်လီဂူးဝမ်း ပြိုင်ပွဲတို့မှ တစ်ဦးစီ ပါဝင်လာသည်။

L'Equipe  က  ရွေးချယ်ခဲ့သည့်  ၂၀၂၂ ခုနှစ် အတွင်း နေရာအလိုက် အကောင်းဆုံးကစားသမား ၁၁ ဦးစာရင်းတွင် ဂိုးသမားနေရာ၌ ရီးယဲလ်မက်ဒရစ် အသင်းမှ ကော့တွိုက်စ်၊  ခံစစ်ကစားသမားနေရာ၌  မန်စီးတီးအသင်းမှ   ဝေါ်ကာ၊  လီဗာပူးအသင်းမှ ဗန်ဒိုက်၊ လိုက်ပဇစ်အသင်းမှ ဂါဗာဒီလို၊ အေစီမီလန် အသင်းမှ လီယိုဟာနန်ဒက်၊ ကွင်းလယ်ကစားသမား နေရာ၌ မန်စီးတီး အသင်းမှ ဒီဘရိုင်း၊ မန်ယူအသင်း မှ ကက်စ်မဲရိုး၊ ရီးယဲလ်မက်ဒရစ် အသင်းမှ မိုဒရစ် နှင့်  ပီအက်စ်ဂျီအသင်းမှ  မက်ဆီတို့  ပါဝင်လာသည်။

တိုက်စစ် ကစားသမားနေရာ၌   ရီးယဲလ်မက်ဒရစ် အသင်းမှ   ဘင်ဇီမာနှင့်  ပီအက်စ်ဂျီအသင်းမှ  အမ်ဘတ်ပီတို့ ပါဝင်လာခဲ့ကြောင်း သိရသည်။