ကျိုက်မရော၊ အားကစား
(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို ချစ်ကြည်ရေး ဘောလုံးပြိုင်ပွဲကျင်းပ
မွန်ပြည်နယ် ကျိုက်မရောမြို့နယ် အားကစားကွင်း၌ (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို ချစ်ကြည်ရေး ဘောလုံးပြိုင်ပွဲကို ဒီဇင်ဘာ ၂၄ ရက်တွင် ကျင်းပသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးကျော်စိုးဦးက (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ကို ပြည်သူတစ်ရပ်လုံး အမှတ်ရနေစေရန်နှင့် လွတ်လပ်ရေးနေ့ကို တန်ဖိုးထား မြတ်နိုးပြီး လူငယ်များအချင်းချင်း ချစ်ခင်ရင်းနှီးစေကာ မြို့နယ် အဆင့်ပြိုင်ပွဲ များမှ ထူးချွန်သော လူငယ်ဘောလုံးသမားများ ပိုမိုပေါ်ထွန်းလာစေရန် ကျင်းပပေးရခြင်းဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် U-18 အမျိုးသမီးဘောလုံးအသင်းနှင့် ဟာသ Star FC ဘောလုံးအသင်းတို့ယှဉ်ပြိုင်ကစားကြရာ ဟာသ Star FC အသင်း U-18 အမျိုးသမီးအသင်းကို ၅ ဂိုး ၂ ဂိုးဖြင့် အနိုင်ရရှိသည်။
ဆက်လက်၍ အနိုင်ရရှိသွားသောအသင်းကို မြို့နယ်ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးစောထူးလေးနှင့် တာဝန်ရှိသူများက ဆုများပေးအပ် ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)