ဝန်ကြီးဌာနပေါင်းစုံ ပိုက်ကျော်ခြင်း(အမျိုးသား)ပြိုင်ပွဲ ပထမအဆင့် ရှုံးထွက်ပွဲစဉ်များ ဆက်လက်ကျင်းပ

ဝန်ကြီးဌာနပေါင်းစုံ ပိုက်ကျော်ခြင်း(အမျိုးသား)ပြိုင်ပွဲ ပထမအဆင့် ရှုံးထွက်ပွဲစဉ်များ ဆက်လက်ကျင်းပ

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ကြီးမှူးကျင်းပသည့် ၂၀၂၃ ခုနှစ် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌဖလား ဝန်ကြီးဌာနပေါင်းစုံ ပိုက်ကျော်ခြင်း(အမျိုးသား)ပြိုင်ပွဲ ပထမ အဆင့် ရှုံးထွက်ပွဲစဉ်များကို ယနေ့နံနက် ၉ နာရီမှစတင်၍ နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လက်ဝှေ့အားကစားရုံ၌ ဆက်လက် ကျင်းပသည်။

ပိုက်ကျော်ခြင်း(အမျိုးသား)ပြိုင်ပွဲ ပထမအဆင့်ရှုံးထွက်ပွဲစဉ်များအဖြစ် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန အသင်းက အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်အသင်းကို ၂ ပွဲပြတ်ဖြင့်လည်းကောင်း၊ နယ်စပ်ရေးရာဝန်ကြီးဌာနအသင်းက ပြည်ထောင်စု ရာထူးဝန်အသင်းကို ၂ ပွဲပြတ်ဖြင့်လည်းကောင်း၊ အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာနအသင်းက  သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနအသင်းကို ၂ ပွဲပြတ်ဖြင့်လည်းကောင်း၊   လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအသင်းက ပညာရေးဝန်ကြီးဌာနအသင်းကို ၂ ပွဲပြတ်ဖြင့်လည်းကောင်း၊   စွမ်းအင်ဝန်ကြီးဌာနအသင်းက ပြန်ကြားရေးဝန်ကြီးဌာနအသင်းကို ၂ ပွဲပြတ်ဖြင့်လည်းကောင်း၊  ပြည်ထဲရေးဝန်ကြီးဌာနအသင်းက စက်မှုဝန်ကြီးဌာနအသင်းကို ၂ ပွဲပြတ်ဖြင့်လည်းကောင်း၊ ကာကွယ်ရေး ဝန်ကြီးဌာနအသင်းက မြန်မာနိုင်ငံတော် ဗဟိုဘဏ်အသင်းကို ၂ ပွဲ ၁ ပွဲဖြင့်လည်းကောင်း၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနအသင်းက အလုပ်သမားဝန်ကြီးဌာနအသင်းကို ၂ ပွဲပြတ်ဖြင့်လည်းကောင်း  အသီးသီးယှဉ်ပြိုင်အနိုင်ရရှိသည်။

အဆိုပါ ပိုက်ကျော်ခြင်း(အမျိုးသား) ပြိုင်ပွဲ ပထမအဆင့် ရှုံးထွက်ပွဲစဉ်များသို့ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးမျိုးလှိုင်နှင့်တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် အရာထမ်း/အမှုထမ်းများ၊ မြန်မာနိုင်ငံ ပိုက်ကျော်ခြင်း အဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် အားကစားဝါသနာရှင်များ လာရောက်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။