(၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဖလား ဝန်ကြီးဌာနပေါင်းစုံ ဘော်လီဘော (အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

 (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဖလား ဝန်ကြီးဌာနပေါင်းစုံ ဘော်လီဘော (အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

နေပြည်တော်  ဒီဇင်ဘာ  ၂၇

    အားကစားနှင့် လူငယ်ရေးရာဝန်ကြီး ဌာနမှ ကြီးမှူးကျင်းပသည့် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌဖလား ဝန်ကြီးဌာနပေါင်းစုံ ဘော်လီဘော (အမျိုးသား/အမျိုးသမီး) ပြိုင်ပွဲ ဗိုလ်လုပွဲ ပွဲစဉ်များကို ယနေ့ နံနက် ၉ နာရီမှစတင်၍ နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ ဆက်လက် ကျင်းပသည်။

အဆိုပါဗိုလ်လုပွဲသို့  နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များဖြစ်ကြသော ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ Jeng Phang  နော်တောင်၊ ဦးမောင်းဟာ၊ ဦးစိုင်းလုံးဆိုင်၊ စောဒန်နီယယ်၊ ဒေါက်တာဗညားအောင်မိုးနှင့် ဦးရွှေကြိမ်း၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန   ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊    ဒုတိယဝန်ကြီးများ၊ တပ်မတော်မှ အရာရှိကြီးများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် အရာထမ်း/အမှုထမ်းများ၊ မြန်မာနိုင်ငံဘော်လီဘော အဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် အားကစား ဝါသနာရှင်များ   တက်ရောက်ကြည့်ရှု အားပေးကြသည်။

ယနေ့ ဗိုလ်လုပွဲ ပွဲစဉ်အဖြစ် ဘော်လီဘော (အမျိုးသမီး)ပွဲစဉ်အဖြစ် ကာကွယ်ရေး ဝန်ကြီးဌာနအသင်းက  အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနအသင်းကို သုံးပွဲပြတ်ဖြင့် လည်းကောင်း၊   ဘော်လီဘော (အမျိုးသား)ပွဲစဉ်တွင် ကာကွယ်ရေးဝန်ကြီး ဌာနအသင်းက   ပြည်ထဲရေးဝန်ကြီးဌာန အသင်းကို သုံးပွဲ တစ်ပွဲ ဖြင့် လည်းကောင်း ယှဉ်ပြိုင် အနိုင်ရရှိသည်။

ပြိုင်ပွဲများအပြီးတွင် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဆက်လက်ကျင်းပရာ နေရာအလိုက် အကောင်းဆုံး အမျိုးသမီး အားကစားသမား ဆုရရှိကြသူများကို အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်က လည်းကောင်း၊ နေရာအလိုက်အကောင်းဆုံး အမျိုးသား အားကစားသမားဆု ရရှိကြသူများကို ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်လင်းထွန်းက လည်းကောင်း တစ်ဦးချင်းဆုတံဆိပ်နှင့် ဂုဏ်ပြုဆုငွေများကို  ပေးအပ်ချီးမြှင့်ကြပြီး ဘော်လီဘော အမျိုးသမီးပြိုင်ပွဲတွင် စတုတ္ထဆုရရှိသော  နယ်စပ်ရေးရာ ဝန်ကြီးဌာနအသင်းကို    အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက လည်းကောင်း၊   ဘော်လီဘော အမျိုးသားပြိုင်ပွဲတွင် စတုတ္ထ ဆုရရှိသောလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အသင်းကို  နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဦးရွှေကြိမ်းက လည်းကောင်း    ဂုဏ်ပြုဆု ငွေကျပ်၁၀ သိန်းစီ    ပေးအပ်ချီးမြှင့်သည်။

ဆက်လက်၍ ဘော်လီဘောအမျိုးသမီး ပြိုင်ပွဲတွင် တတိယဆုရရှိသော ပြည်ထဲရေး ဝန်ကြီးဌာနအသင်းကို   နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဒေါက်တာ ဗညားအောင်မိုးက တစ်ဦးချင်း ဆုတံဆိပ် နှင့်   ဂုဏ်ပြုဆုငွေကျပ် ၁၅ သိန်းကို လည်းကောင်း၊ ဒုတိယဆုရရှိသော အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာနအသင်းကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးစိုင်းလုံးဆိုင်က တစ်ဦးချင်းဆုတံဆိပ်နှင့် ဂုဏ်ပြုဆုငွေကျပ်သိန်း၂၀ ကိုလည်းကောင်း၊ ပထမဆုရရှိသော ကာကွယ်ရေးဝန်ကြီး ဌာနအသင်းကို နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်  Jeng Phang နော်တောင်က တစ်ဦးချင်း ဆုတံဆိပ်၊ ဂုဏ်ပြုဆုငွေ ကျပ်သိန်း ၃၀ နှင့် ဆုဖလားကို လည်းကောင်း ပေးအပ်ချီးမြှင့်သည်။

ထို့နောက် ဘော်လီဘော အမျိုးသားပြိုင်ပွဲတွင် တတိယဆုရရှိသော အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန အသင်းကို နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် စောဒန်နီယယ်က တစ်ဦးချင်းဆုတံဆိပ်နှင့်  ဂုဏ်ပြုဆုငွေကျပ် ၁၅ သိန်းကို လည်းကောင်း၊ ဒုတိယဆုရရှိသော ပြည်ထဲရေး ဝန်ကြီးဌာနအသင်းကို   နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးမောင်းဟာက တစ်ဦးချင်းဆုတံဆိပ်နှင့် ဂုဏ်ပြုဆုငွေကျပ် သိန်း ၂၀ ကိုလည်းကောင်း၊ ပထမဆုရရှိသော ကာကွယ်ရေးဝန်ကြီးဌာန အသင်းကို နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဗိုလ်ချုပ်ကြီးမြထွန်းဦးက တစ်ဦးချင်းဆုတံဆိပ်၊ ဂုဏ်ပြုဆုငွေကျပ် သိန်း ၃၀ နှင့် ဆုဖလားကို လည်းကောင်း ပေးအပ်ချီးမြှင့်သည်။

၂၀၂၃ ခုနှစ် (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ် နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌဖလား ဝန်ကြီးဌာနပေါင်းစုံ ဘော်လီဘော(အမျိုးသား/ အမျိုးသမီး) ပြိုင်ပွဲကို ဒီဇင်ဘာ ၁၄ ရက်မှ ၂၇ ရက်အထိ ဝဏ္ဏသိဒ္ဓိအားကစားရုံ (B)၌ ကျင်းပရာ ဝန်ကြီးဌာန အသီးသီးမှ ပြိုင်ပွဲဝင် အမျိုးသားအသင်း  ၂၀၊   အမျိုးသမီး အသင်းကိုးသင်း ပါဝင်ယှဉ်ပြိုင်ခဲ့ကြကာ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်မှု အဆင့်အတန်း မြင့်မားလာစေရန်နှင့် ဝန်ကြီးဌာန ပေါင်းစုံ အားကစားပြိုင်ပွဲမှ တစ်ဆင့် နိုင်ငံ့ ဂုဏ်ဆောင်နိုင်သည့် ဘော်လီဘော အားကစားသမားကောင်းများ ပေါ်ထွက်လာစေရန် ရည်ရွယ်ကျင်းပရခြင်း ဖြစ်ကြောင်း   သိရသည်။