နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဖလား ဝန်ကြီးဌာနပေါင်းစုံ လွန်ဆွဲ(အမျိုးသား/ အမျိုးသမီး)ပြိုင်ပွဲ စတင်ကျင်းပ
နေပြည်တော် ဒီဇင်ဘာ ၃၀
အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန မှကြီးမှူးကျင်းပသည့် ၂၀၂၃ ခုနှစ် (၇၅)နှစ် မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်း အမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌဖလား ဝန်ကြီးဌာနပေါင်းစုံ လွန်ဆွဲ (အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲကို ယနေ့နံနက် ၈ နာရီမှစတင်၍ နေပြည်တော် ဝဏ္ဏသိဒ္ဓိ အားကစားကွင်းရှိ လေ့ကျင့်ရေးကွင်း အမှတ်(၁)နှင့် (၃)တို့ကြား၌ ကျင်းပသည်။
အဆိုပါပြိုင်ပွဲသို့ အားကစားနှင့်လူငယ် ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် အရာထမ်း/အမှုထမ်းများ၊ အားကစား ဝါသနာရှင်များ တက်ရောက်ကြည့်ရှု အားပေးကြသည်။
လွန်ဆွဲပြိုင်ပွဲပထမနေ့ အုပ်စုပတ်လည် ပွဲစဉ်များအဖြစ် (အမျိုးသမီး)ပြိုင်ပွဲတွင် အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန အသင်းက ကာကွယ်ရေးဝန်ကြီးဌာန အသင်း ကို ၂ ပွဲ ၁ ပွဲဖြင့် လည်းကောင်း၊ ပညာရေး ဝန်ကြီးဌာနအသင်းက ပြည်ထဲရေးဝန်ကြီး ဌာနအသင်းကို ၂ ပွဲ ၁ ပွဲဖြင့်လည်းကောင်း၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန အသင်းက သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာန အသင်းကို ၂ ပွဲပြတ်ဖြင့် လည်းကောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနအသင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာနအသင်းကို ၂ ပွဲပြတ်ဖြင့် လည်းကောင်း၊ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနအသင်းက လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနအသင်းကို ၂ ပွဲပြတ်ဖြင့် လည်းကောင်း၊ ပြည်ထောင်စုရာထူးဝန် အသင်းက သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန အသင်းကို ၂ ပွဲပြတ်ဖြင့် လည်းကောင်း အသီးသီးယှဉ်ပြိုင် အနိုင်ရရှိသည်။
(အမျိုးသား)ပြိုင်ပွဲတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနအသင်းက အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် အသင်းကို ၂ ပွဲပြတ်ဖြင့် လည်းကောင်း၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန အသင်းက ကာကွယ်ရေး ဝန်ကြီးဌာနအသင်းကို ၂ ပွဲပြတ်ဖြင့် လည်းကောင်း၊ ပြည်ထဲရေးဝန်ကြီးဌာန အသင်းက ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနအသင်းကို ၂ ပွဲပြတ်ဖြင့်လည်းကောင်း၊ ပညာရေးဝန်ကြီးဌာန အသင်းက စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဌာနအသင်းကို ၂ ပွဲပြတ်ဖြင့် လည်းကောင်း၊ ပြည်ထောင်စုရာထူးဝန် အသင်းက လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနအသင်းကို ၂ ပွဲပြတ်ဖြင့် လည်းကောင်း၊ နယ်စပ်ရေးရာဝန်ကြီး ဌာနအသင်းက သိပ္ပံနှင့်နည်းပညာဝန်ကြီး ဌာနအသင်းကို ၂ ပွဲ ၁ ပွဲဖြင့် လည်းကောင်း၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ခုံရုံးအသင်းက သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန အသင်းကို ၂ ပွဲပြတ်ဖြင့် လည်းကောင်း အသီးသီး အနိုင်ရရှိသည်။
ဒီဇင်ဘာ ၃၁ ရက်(ယနေ့) နံနက် ၈ နာရီမှစတင်၍ ဝဏ္ဏသိဒ္ဓိ အားကစားကွင်းရှိ လေ့ကျင့်ရေးကွင်း အမှတ်(၁)နှင့်(၃)တို့ကြား၌ ဝန်ကြီးဌာနပေါင်းစုံ လွန်ဆွဲပြိုင်ပွဲ အုပ်စုပတ်လည်ပွဲစဉ်များအဖြစ် (အမျိုးသား/ အမျိုးသမီး)ပြိုင်ပွဲများကို ဆက်လက်ယှဉ်ပြိုင် ကစားကြမည်ဖြစ်ကြောင်း သိရသည်။