၂၀၂၂ ခုနှစ်အတွင်း အမှတ်ပေး ဘောလုံးပြိုင်ပွဲများ၌ ကွင်းအတွင်း ပရိသတ် ဝင်ရောက်အားပေးမှု အများဆုံး ကလပ်အသင်း စာရင်းတွင် မန်ယူအသင်း ထိပ်ဆုံး၌ရပ်တည်

၂၀၂၂ ခုနှစ်အတွင်း အမှတ်ပေး ဘောလုံးပြိုင်ပွဲများ၌ ကွင်းအတွင်း ပရိသတ် ဝင်ရောက်အားပေးမှု အများဆုံး ကလပ်အသင်း စာရင်းတွင် မန်ယူအသင်း ထိပ်ဆုံး၌ရပ်တည်

၂၀၂၂ ခုနှစ်အတွင်း ကမ္ဘာတစ်ဝန်းရှိ အမှတ်ပေး ဘောလုံးပြိုင်ပွဲများ၌ ကွင်းအတွင်း ပရိသတ်ဝင်ရောက် အားပေးမှု အများဆုံး ကလပ်အသင်းစာရင်းတွင် မန်ယူအသင်းက ထိပ်ဆုံး၌ ရပ်တည်ခဲ့ကြောင်း သိရသည်။

မန်ယူအသင်းသည်     နောက်ပိုင်းနှစ်များတွင် အောင်မြင်မှုများနှင့် ဝေးကွာလာပြီး လက်ရှိအသင်း ပိုင်ရှင် ဂလေဇာမိသားစုဝင်များကို အသင်းပရိသတ်များက  ဆန့်ကျင်ဆန္ဒပြမှုများ ပြုလုပ်ခဲ့ကြသော်လည်း

ယခုနှစ်အတွင်း  ကွင်းအတွင်း  ပရိသတ်ဝင်ရောက် အားပေးမှုအများဆုံး အသင်းစာရင်းတွင်     တခြား ထိပ်တန်းအသင်းကြီးများကို ကျော်ဖြတ်၍     မန်ယူအသင်းက ထိပ်ဆုံး၌ ရပ်တည်ခဲ့ခြင်းဖြစ်သည်။

Transfer Market ၏ စစ်တမ်းကောက်ယူဖော်ပြချက်များအရ မန်ယူအသင်းသည် ၂၀၂၂ ခုနှစ်အတွင်း  တစ်ပွဲပျမ်းမျှ    ကွင်းအတွင်း    ပရိသတ်ဝင်ရောက် အားပေးမှုပမာဏမှာ ၇၃၆၉၀ ဦးအထိရှိပြီး   ကွင်းအတွင်း   ပရိသတ်ဝင်ရောက်အားပေးမှု အများဆုံး ကလပ်အသင်းအဖြစ် ရပ်တည်ခဲ့ခြင်းဖြစ်သည်။

ကမ္ဘာတစ်ဝန်း  ကွင်းအတွင်း ပရိသတ်ဝင်ရောက် အားပေးမှုအများဆုံး ကလပ်အသင်းစာရင်းတွင် မန်ယူအသင်းနောက်၌ ဘာစီလိုနာအသင်းက တစ်ပွဲပျမ်းမျှ ပရိသတ်ဝင်ရောက်အားပေးမှု  ၇၁၅၆၄  ဦးအထိ ရှိပြီး အဆင့်(၂)နေရာ၌ ရပ်တည်ခဲ့သည်။

မန်ယူအသင်းနှင့် ဘာစီလိုနာအသင်းတို့နောက်၌  ပရီးမီးယားလိဂ်ထိပ်တန်း အသင်းများကို  ကျော်ဖြတ်ပြီး ဒေါ့မွန်အသင်းက ၆၂၈၉၅  ဦးဖြင့်  အဆင့်(၃)၊ ဝက်စ်ဟမ်းအသင်းက   ၆၁၁၁၈ ဦးဖြင့် အဆင့်(၄)၊ ဘိုင်ယန်မြူးနစ်အသင်းက  ၆၀၃၆၂   ဦးဖြင့် အဆင့်(၅)၊   စပါးအသင်းက   ၆၀၀၉၄   ဦးဖြင့်  အဆင့်(၆)၊  အာဆင်နယ်အသင်းက ၆၀၀၂၈ ဦးဖြင့် အဆင့်(၇)၊ ဆဲလ်တစ်အသင်းက  ၅၈၄၈၀ ဦးဖြင့် အဆင့်(၈)၊ အင်တာမီလန်အသင်းက ၅၈၄၆၄ ဦးဖြင့်  အဆင့်(၉)နှင့် အေစီမီလန်အသင်းက ၅၇၇၄၈ ဦးဖြင့် အဆင့်(၁၀)နေရာ၌ အသီးသီး ရပ်တည်ခဲ့ကြကြောင်း  သိရသည်။