ဗန်းမော်မြို့နယ်၊ မြစေတီကျေးရွာအနီး၌ တရားမဝင် ရွှေတူးဖော်လျက်ရှိသည့် စက်လှေ များနှင့် ဆက်စပ်ပစ္စည်းများအား သိမ်းဆည်းရမိ

ဗန်းမော်မြို့နယ်၊ မြစေတီကျေးရွာအနီး၌ တရားမဝင် ရွှေတူးဖော်လျက်ရှိသည့် စက်လှေ များနှင့် ဆက်စပ်ပစ္စည်းများအား သိမ်းဆည်းရမိ

နေပြည်တော်၊ ဒီဇင်ဘာ - ၃၁

       တပ်မတော်အနေဖြင့် နိုင်ငံတော် ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ထမ်းဆောင်လျက်ရှိသည့်အပြင် နိုင်ငံတော်၏ မြေပေါ်၊ မြေအောက် သယံဇာတများကို တရားမဝင် ထုတ်ယူသုံးစွဲမှုများ မရှိစေရေး အတွက်လည်း တရားဥပဒေစိုးမိုးရေး တာဝန် များကို နေ့ညမပြတ် ထမ်းဆောင်လျက်ရှိသည်။

ထိုသို့ ထမ်းဆောင်လျက်ရှိရာ ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်အတွင်း နယ်မြေလုံခြုံရေး ဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် ဒီဇင်ဘာ ၃၀ ရက် နံနက် ၈ နာရီ ၅၀ မိနစ်ခန့်တွင် မြစေတီကျေးရွာ၏ အရှေ့မြောက်ဘက် မီတာ ၁၅၀ ခန့်အကွာသို့အရောက်၌ ဧရာဝတီမြစ်အတွင်း တရားမဝင် ရွှေတူးဖော်လျက်ရှိသည့် စက်လှေ ၅၇ စီးနှင့် ရွှေတူးဖော်ရာတွင် အသုံးပြုသည့် သစ်သားမျောစင် ၃ ခု အပါအဝင် ဆက်စပ်ပစ္စည်းများအား ပိုင်ရှင်မဲ့  သိမ်းဆည်းရမိခဲ့သည်။

      အဆိုပါ ဖမ်းဆီးရမိသည့် စက်လှေများနှင့် ဆက်စပ်ပစ္စည်းများအား လုပ်ထုံးလုပ် နည်းနှင့်အညီ ဆက်လက် ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။