ကမ္ဘာ့ဖလားပြိုင်ပွဲသမိုင်းတစ်လျှောက် အကောင်းဆုံးပြိုင်ပွဲအဖြစ် ကာတာနိုင်ငံ၌ ကျင်းပသည့် ၂၀၂၂ ကမ္ဘာ့ဖလား ပြိုင်ပွဲသတ်မှတ်ခံရ
ဒိုဟာ၊ ဘောလုံး
နာမည်ကြီးသတင်းဌာနတစ်ခုဖြစ်သည့် BBC Sport က ကမ္ဘာတစ်ဝန်းရှိ ဘောလုံးပရိသတ်များထံမှ ကမ္ဘာ့ ဖလားပြိုင်ပွဲ သမိုင်းတစ်လျှောက် အကောင်း ဆုံးပြိုင်ပွဲကို ဆန္ဒမဲကောက်ရွေးချယ်ရာတွင် ကာတာ နိုင်ငံ၌ ကျင်းပသည့် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲသည် မဲအများဆုံးဖြင့် သတ်မှတ်ခံခဲ့ရကြောင်း သိရသည်။
၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲကို အိမ်ရှင်အဖြစ်လက်ခံ ကျင်းပသည့် ကာတာနိုင်ငံသည် ပြိုင်ပွဲမစတင်မီကတည်းက ပြိုင်ပွဲအတွက် အားကစားကွင်းများတည် ဆောက်ရာတွင် ပြည်ပရွှေ့ပြောင်းအလုပ်သမားများအပေါ် လူ့အခွင့် အရေးချိုးဖောက်မှုများစွာပြုလုပ်ခဲ့ သည်ဟု ဝေဖန်မှုများနှင့် ရင်ဆိုင်ခဲ့ရသည်။
ထို့ပြင် ပြိုင်ပွဲကျင်းပသည့်ကာလတွင်လည်း ၎င်းတို့နိုင်ငံ၏ တင်းကျပ်သည့်စည်းမျဉ်းများကြောင့် ပရိသတ်များ အတွက် အခက်တွေ့ခဲ့ရသော်လည်း ဆန္ဒမဲကောက်ခံခဲ့ရာတွင် မဲ ၇၈ ရာခိုင်နှုန်းအထိရရှိခဲ့ပြီး အကောင်းဆုံး ပြိုင်ပွဲအဖြစ် သတ်မှတ်ခံခဲ့ရခြင်း ဖြစ်သည်။
၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် စံချိန်မှတ်တမ်းများစွာ ထွက်ပေါ်ခဲ့ပြီး ချန်ပီယံဆုဆွတ်ခူးနိုင်သည့် အာဂျင်တီးနား အသင်းမှ မက်ဆီသည်လည်း ကစား သမားဘဝမှတ်တမ်းကောင်းများစွာ ရရှိခဲ့ခြင်းဖြစ်သည်။
ကမ္ဘာ့ဖလားပြိုင်ပွဲသမိုင်းတစ်လျှောက် အကောင်းဆုံးပြိုင်ပွဲကို ဆန္ဒမဲကောက်ခံခဲ့ရာ ၂၀၂၂ ကာတာ ကမ္ဘာ့ဖလား ပြိုင်ပွဲနောက်တွင် ၂၀၀၂ ဂျပန်-တောင် ကိုရီးယားကမ္ဘာ့ဖလားပြိုင်ပွဲက ဆန္ဒမဲ ၆ ရာခိုင်နှုန်း၊ ၂၀၁၄ ဘရာဇီး ကမ္ဘာ့ဖလားပြိုင်ပွဲက ၅ ရာခိုင်နှုန်း၊ ၂၀၀၆ ဂျာမနီကမ္ဘာ့ဖလားပြိုင်ပွဲနှင့် ၂၀၁၈ ရုရှား ကမ္ဘာ့ဖလားပြိုင်ပွဲတို့က ၄ ရာခိုင်နှုန်းနှင့် ၂၀၁၀ တောင်အာဖရိကကမ္ဘာ့ဖလားပြိုင်ပွဲက ၃ ရာခိုင်နှုန်းဖြင့် အသီးသီးသတ်မှတ်ခံခဲ့ရကြောင်း သိရသည်။
Ref;One Football