ချယ်လ်ဆီးအသင်းက ဘင်ဖီကာအသင်းလူငယ်ကစားသမား အန်ဇိုဖာနန်ဒက်စ်ကို ပြောင်းရွှေ့ကြေး ယူရို သန်း ၁၀၀ ကျော်ဖြင့် ခေါ်ယူရန်နီးစပ်လျက်ရှိ

ချယ်လ်ဆီးအသင်းက ဘင်ဖီကာအသင်းလူငယ်ကစားသမား အန်ဇိုဖာနန်ဒက်စ်ကို ပြောင်းရွှေ့ကြေး ယူရို သန်း ၁၀၀ ကျော်ဖြင့် ခေါ်ယူရန်နီးစပ်လျက်ရှိ

လန်ဒန်၊ ဘောလုံး

ချယ်လ်ဆီးအသင်းက ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အာဂျင်တီးနားအသင်းနှင့် ခြေစွမ်းပြနိုင်ခဲ့သည့် ဘင်ဖီကာ အသင်းမှ လူငယ်ကစားသမား အန်ဇိုဖာနန်ဒက်စ်ကိုခေါ်ယူရန် လက်မလျှော့ဘဲ ပြောင်းရွှေ့ကြေး ယူရို  သန်း ၁၀၀ ကျော်ဖြင့်ခေါ်ယူရန်  နီးစပ်လျက်ရှိကြောင်း သိရသည်။

အသက် ၂၁ နှစ်အရွယ်သာရှိသေးသည့် အန်ဇိုဖာနန်ဒက်စ်သည် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အာဂျင်တီးနား အသင်းချန်ပီယံဆုဆွတ်ခူးနိုင်ခဲ့ရာတွင် အဓိက ကစားသမားအဖြစ် ပါဝင်ခဲ့ပြီးနောက် ဥရောပထိပ်တန်း အသင်းကြီး များက ခေါ်ယူရန် စိတ်ဝင်စားနေခြင်း ဖြစ်သည်။

အစောပိုင်းက ဘင်ဖီကာအသင်းသည် အန်ဇိုဖာနန် ဒက်စ်ကို   ယခုဘောလုံးရာသီအတွင်း ရောင်းချမည်မဟုတ်ဘဲ  လာမည့်နွေရာသီ ကစားသမားအပြောင်း အရွှေ့ကာလမှသာ ရောင်းချမည်ဟု ထုတ်ပြန်ထားသော်လည်း ချယ်လ်ဆီး အသင်းက တခြားအသင်းများထက် လက်ဦးမှုရယူလိုနေသည့်အတွက် ဇန်နဝါရီ ကစားသမား အပြောင်းအရွှေ့ကာလတွင်ပင်  ခေါ်ယူရန် ကြိုးပမ်းနေခြင်း ဖြစ်သည်။

ဘင်ဖီကာအသင်းက အန်ဇိုဖာနန်ဒက်စ်ကို ရောင်းချရန်ငြင်းဆိုထားသော်လည်း ချယ်လ်ဆီးအသင်းက ပြောင်းရွှေ့ ကြေး ယူရို သန်း ၁၀၀ ကျော်ဖြင့်ခေါ်ယူရန် ကမ်းလှမ်းလာသည့်အတွက် ရောင်းချရန်ပြန်လည်စဉ်းစားနေပြီး လက်ရှိ တွင် ဆွေးနွေးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

Ref;Transfer Market