နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ပြည်နယ်နှင့်တိုင်းဒေသကြီး(အလွတ်တန်းဖိတ်ခေါ်) မြန်မာ့သိုင်း ပြိုင်ပွဲ ပွဲစဉ်များကျင်းပ

နေပြည်တော်  ဒီဇင်ဘာ  ၃၁

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ပြည်နယ်နှင့်တိုင်းဒေသကြီး(အလွတ်တန်းဖိတ်ခေါ်) မြန်မာ့သိုင်း ပြိုင်ပွဲ ပွဲစဉ်များကျင်းပ

အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနမှ ကြီးမှူးကျင်းပသည့် ၂၀၂၃ ခုနှစ် (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ပြည်နယ်နှင့် တိုင်းဒေသကြီး (အလွတ်တန်းဖိတ်ခေါ်) မြန်မာ့သိုင်းပြိုင်ပွဲ ပွဲစဉ်များကို ယမန်နေ့ နံနက် ၉ နာရီမှစတင်၍ နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ ကျင်းပသည်။

မြန်မာ့သိုင်းပြိုင်ပွဲ ဓားအတိုက်ပွဲစဉ်များအဖြစ် ၄၀-၄၅ ကီလို ဓားတစ်လက် (အမျိုးသား/အမျိုးသမီး) ပြိုင်ပွဲ၊ ၄၅-၅၀ ကီလို ဓားတစ်လက်၊ ဓားနှစ်လက် (အမျိုးသား/အမျိုးသမီး) ပြိုင်ပွဲ၊ ၅၀-၅၅ ကီလို ဓားတစ်လက်၊ ဓားနှစ်လက် (အမျိုးသား/အမျိုး သမီး)ပြိုင်ပွဲ ၊ ၅၅-၆၀ ကီလို  ဓားနှစ်လက် (အမျိုးသား) ပြိုင်ပွဲ၊ ဗန်တိုပွဲစဉ်များအဖြစ်  ၄၅-၄၉ ကီလို (အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ၊  ၄၉-၅၃ ကီလို (အမျိုးသား/အမျိုးသမီး) ပြိုင်ပွဲ၊ ၅၃- ၅၇ ကီလို (အမျိုးသား/အမျိုးသမီး) ပြိုင်ပွဲ၊ ၅၇-၆၁ ကီလို(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ၊ ၆၁-၆၅ ကီလို (အမျိုးသား /အမျိုးသမီး)ပြိုင်ပွဲ၊ ၆၅- ၆၉   ကီလို (အမျိုးသား)ပြိုင်ပွဲများကို အသီးသီး ယှဉ်ပြိုင်ကစားခဲ့ကြကြောင်း သိရသည်။

ကျော်လွင်