(၇၅)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် မီနီမာရသွန်ပြိုင်ပွဲကျင်းပ

ရွှေကျင်၊ အားကစား

(၇၅)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် မီနီမာရသွန်ပြိုင်ပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး ရွှေကျင်မြို့နယ်တွင် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် မီနီမာရသွန် ပြိုင်ပွဲကို ဇန်နဝါရီ ၂ ရက် နံနက်ပိုင်းတွင် ကျင်းပသည်။

(၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် မီနီမာရသွန်ပြိုင်ပွဲကို မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၏ စီစဉ်မှုဖြင့် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှပြုလုပ်ရာ မြို့နယ်အတွင်းရှိ အားကစား ဝါသနာရှင် အမျိုးသား ၁၁၃ ဦး၊ အမျိုးသမီး ၃၄ ဦး စုစုပေါင်း ၁၄၇ ဦးတို့ ပါဝင်ယှဉ်ပြိုင်ကြသည်။

မီနီမာရသွန်ပြိုင်ပွဲကို စလူချောင်းကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းခွဲရှေ့မှ စတင်တာလွတ်၍ မြို့ပေါ် လွတ်လပ်ရေး ကျောက်တိုင်ရှေ့တွင် ပန်းဝင်ကြသည်။

အဆိုပါ ပြိုင်ပွဲတွင် ၁ မှ ၁၀ အထိ ပန်းဝင်သူ အားကစားသမားအားလုံးကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ဆုများပေးအပ်ပြီး ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသူများအား (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့တွင် ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ထွန်းထွန်းဇော်(ပြန်/ဆက်)