၂၀၂၂ ခုနှစ်အတွင်း ဥရောပထိပ်တန်းလိဂ် ငါးခု၏ သွင်းဂိုးအများဆုံးနှင့် ဂိုးဖန်တီးမှု အများဆုံးကစားသမား စာရင်းတွင် အမ်ဘတ်ပီနှင့် မက်ဆီတို့ ထိပ်ဆုံးမှ ဦးဆောင်
၂၀၂၂ ခုနှစ်အတွင်း ဥရောပထိပ်တန်းလိဂ်ငါးခု ဖြစ်သည့် ပရီးမီးယားလိဂ်၊ စပိန်လာလီဂါ၊ အီတလီ စီးရီးအေ၊ ဂျာမန်ဘွန်ဒက်စ်လီဂါနှင့် ပြင်သစ်လီဂူးဝမ်းပြိုင်ပွဲတို့၏ သွင်းဂိုးအများဆုံး ကစားသမားနှင့် ဂိုးဖန်တီးမှုအများဆုံး ကစားသမားစာရင်းတွင် ပီအက်စ်ဂျီ အသင်းမှ အမ်ဘတ်ပီနှင့်မက်ဆီတို့က ထိပ်ဆုံးမှ ဦးဆောင်နိုင်ခဲ့ကြောင်း သိရသည်။
၂၀၂၂ ခုနှစ်အတွင်း ဥရောပထိပ်တန်း လိဂ်ငါးခု၏ သွင်းဂိုးအများဆုံး ကစားသမားစာရင်းတွင် အမ်ဘတ်ပီက ၅၆ ဂိုးဖြင့် ထိပ်ဆုံးတွင် ရပ်တည်နိုင်ခဲ့သည့်အပြင် ဂိုးဖန်တီးမှု အများဆုံးကစားသမား စာရင်းတွင်လည်း ၎င်းက အဆင့်(၄) နေရာ၌ ရပ်တည်နိုင်ခဲ့သည်။
၂၀၂၂ ခုနှစ်အတွင်း သွင်းဂိုး အများဆုံးကစား သမားစာရင်း၌ အမ်ဘတ်ပီနောက်တွင် မန်စီးတီး အသင်းမှ ဟာလန်းက ၄၆ ဂိုးဖြင့် အဆင့်(၂)၊ ဘာစီလိုနာ အသင်းမှ လီဝန်ဒေါစကီးက ၄၂ ဂိုးဖြင့် အဆင့်(၃)၊ လိုက်ပဇစ်အသင်းမှ အန်ကူကူက ၃၇ ဂိုးဖြင့် အဆင့်(၄)၊ စပါးအသင်းမှ ဟယ်ရီကိန်းက ၃၅ ဂိုးဖြင့် အဆင့်(၅)၊ ဘိုင်ယန်မြူးနစ် အသင်းမှ မာနေးက ၃၃ ဂိုးဖြင့် အဆင့်(၆)၊ ပီအက်စ်ဂျီအသင်းမှ နေမာက ၃၂ ဂိုးဖြင့် အဆင့်(၇)၊ မိုနာကိုအသင်းမှ ဘန်ရီဒါက ဂိုး ၃၀ ဖြင့် အဆင့်(၈)၊ လီဗာပူးအသင်းမှ ဆာလက်ချ်က ၂၉ ဂိုးဖြင့် အဆင့်(၉)နှင့် ဘရန့်ဖို့ဒ်အသင်းမှ တိုနေးက ၂၂ ဂိုးဖြင့် အဆင့်(၁၀)နေရာ၌ အသီးသီး ရပ်တည်ခဲ့သည်။
အလားတူ ဂိုးဖန်တီးမှု အများဆုံး ကစားသမား စာရင်းတွင် ပီအက်စ်ဂျီအသင်းမှ မက်ဆီက အကြိမ် ၃၀ ဖြင့် အဆင့်(၁)၊ မန်စီးတီးအသင်းမှ ဒီဘရိုင်းက ၂၈ ကြိမ်ဖြင့် အဆင့် (၂)၊ ပီအက်စ်ဂျီအသင်းမှ နေမာက ၂၃ ကြိမ်ဖြင့် အဆင့်(၃)၊ အမ်ဘတ်ပီက ၂၁ ကြိမ်ဖြင့် အဆင့်(၄)၊ ဘာစီလိုနာအသင်းမှ ဒမ်ဘီလီက အကြိမ် ၂၀ ဖြင့် အဆင့်(၅)၊ အေစီမီလန်အသင်းမှ လီယိုက အကြိမ် ၂၀ ဖြင့် အဆင့်(၆)၊ လိုက်ပဇစ်အသင်းမှ အန်ကူကူက ၁၉ ကြိမ်ဖြင့် အဆင့်(၇)၊ လီဗာပူးအသင်းမှ ရော်ဘတ်ဆန်၊ လိုက်ပဇစ်အသင်းမှ ဇစ်ဘိုဖိုလိုင်နှင့် ဂလာဘတ်အသင်းမှ ပယ်လီယာတို့က ၁၈ ကြိမ်စီဖြင့် အဆင့်(၈)၊ (၉)၊ (၁၀)နေရာ၌ အသီးသီး ရပ်တည်နေကြောင်း သိရသည်။