KNLA တပ်မဟာ(၆)နှင့် PDF အမည်ခံအကြမ်းဖက် ပူးပေါင်းအဖွဲ့တို့က အင်အား အလုံး အရင်းဖြင့် ကြာအင်းဆိပ်ကြီးမြို့ရှိ နယ်မြေခံတပ်ဌာနချုပ်များနှင့် ဖာပွန် မြို့နယ်ရှိ လုံခြုံ ရေးစခန်းတို့သို့ အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်၊ အရာရှိ၊ စစ်သည် များ၏ စနစ် တကျ ခုခံတိုက်ခိုက

KNLA တပ်မဟာ(၆)နှင့် PDF အမည်ခံအကြမ်းဖက် ပူးပေါင်းအဖွဲ့တို့က အင်အား အလုံး အရင်းဖြင့် ကြာအင်းဆိပ်ကြီးမြို့ရှိ နယ်မြေခံတပ်ဌာနချုပ်များနှင့် ဖာပွန် မြို့နယ်ရှိ လုံခြုံ ရေးစခန်းတို့သို့ အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်၊ အရာရှိ၊ စစ်သည် များ၏ စနစ် တကျ ခုခံတိုက်ခိုက်မှုကြောင့် အကျအဆုံးများစွာဖြင့် ဖရိုဖရဲ ဆုတ်ခွာ ထွက်ပြေး

နေပြည်တော်၊ ဇန်နဝါရီ ၄

        ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့ရှိ နယ်မြေခံ အခြေချစစ်ဗျူဟာနှင့် တပ်ရင်း ဌာနချုပ်များသို့ KNLA တပ်မဟာ(၆)နှင့် PDF အမည်ခံ အကြမ်းဖက် ပူးပေါင်းအဖွဲ့တို့က ယနေ့နံနက် ၆ နာရီ မိနစ် ၂၀ ခန့်မှစ၍ လက်နက်ကြီး၊ လက်နက် ငယ်များ  အသုံးပြုကာ အင်အားအလုံးအရင်းဖြင့် အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်မှု ဖြစ်ပွားခဲ့သည်။  

KNLA တပ်မဟာ(၆)နှင့် PDF အမည်ခံအကြမ်းဖက်ပူးပေါင်းအဖွဲ့တို့၏ အင်အားအလုံးအရင်းဖြင့် ကြာအင်းဆိပ်ကြီးတပ်နယ်သို့ တစ်ချိန်တည်း တစ်ပြိုင်တည်း အလစ်အငိုက်လာရောက်တိုက်ခိုက်ခဲ့သော်လည်း ယနေ့တွင် ကျရောက်သည့် (၇၅)နှစ် မြောက်စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ်တွင် အကြမ်းဖက်အဖွဲ့များအနေဖြင့် အဖျက်အမှောင့်လုပ်ရပ်များ လုပ်ဆောင်မည်ကို ကြိုတင်သတင်းရရှိထားသဖြင့် တပ်နယ်အတွင်းရှိ အရာရှိ၊ စစ်သည်၊ ရဲမေများအနေဖြင့် လုံခြုံ ရေးအတွက် အသင့်စုဖွဲ့ ထားရှိသောကြောင့် အကြမ်းဖက်အဖွဲ့များ နံနက် ၆ နာရီ ၁၀ မိနစ်မှ ၈ နာရီ ၅၀ ထိ တစ်ကြိမ်၊ ၁၀ နာရီ ၄၅ မိနစ်မှ ၁၁ နာရီ ၁၀ မိနစ်ထိ တစ်ကြိမ်၊ စုစုပေါင်း ၂ ကြိမ် ဝင်ရောက်တိုက်ခိုက်သော်လည်း နေ့လည် ၁၁ နာရီ ၁၅ မိနစ် နောက်ပိုင်းတွင် အကျအဆုံးများဖြင့် အရှေ့တောင်ဘက်သို့ ဖရိုဖရဲဆုတ်ခွာ ထွက်ပြေး သွားခဲ့သည်။

အကြမ်းဖက်ပူးပေါင်းအဖွဲ့များအနေဖြင့် တပ်ဌာနချုပ်များသို့ အလစ်အငိုက် တိုက်ခိုက်ခဲ့သော်လည်း အရာရှိ၊ စစ်သည်၊ ရဲမေ၊ မှီခိုသူများ၏ ကြံ့ကြံ့ခံ ပြန်လည် ပစ်ခတ် တိုက်ခိုက်မှုများကြောင့် အရေးကြီး  အဓိကအဆောက်အဦများ၊ အုပ်ချုပ်မှုဆိုင်ရာ အဆောက်အဦများနှင့် လူနေအဆောက်အဦများအနီးသို့ ဝင်ရောက်နိုင်ခဲ့ခြင်းမရှိဘဲ တပ်ခြံစည်းရုံးကပ်လျက် လူနေထိုင်ခြင်းမရှိသော စွှန့်လွှတ်အဆောက်အဦ အချို့ကို သာ ဖရိုဖရဲပြန်လည်ဆုတ်ခွာ၍ မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်တွင် အကြမ်းဖက်ပူးပေါင်းအဖွဲ့များ၏ အလောင်းအချို့နှင့် လက်နက် ခဲယမ်းများကို သိမ်းဆည်းရမိခဲ့ပြီး စစ်ကူစစ်ကြောင်းများက တပ်နယ် လုံခြုံရေးအတွက် လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိသည်။

အလားတူ ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်အတွင်း နယ်မြေလုံခြုံရေးနှင့် နယ်မြေ စိုးမိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် မဲဝိုင်တပ်မတော်ရှေ့တန်း လုံခြုံရေးစခန်း ကိုလည်း ယနေ့နံနက် ၅ နာရီခွဲခန့်တွင် အကြမ်းဖက်ပူးပေါင်းအဖွဲ့များက လက်နက်ကြီး၊ လက်နက်ငယ်များအသုံးပြုကာ စခန်း၏ အရှေ့တောင်ဘက်နှင့် အရှေ့ဘက်တို့မှ အင်အားအလုံးအရင်းဖြင့် လာရောက်တိုက်ခိုက်ခဲ့သည်။

ထိုကဲ့သို့ အင်အားအလုံးအရင်းဖြင့် အလစ်အငိုက်လာရောက်တိုက်ခိုက်ခဲ့သော် လည်း စခန်းတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် အရာရှိ၊ စစ်သည်များ၏ လုံခြုံ ရေးအသိ၊ လုံခြုံရေးသတိရှိမှုနှင့် မဆုတ်မနစ် ခုခံတိုက်ခိုက်ခဲ့မှုကြောင့် အကြမ်းဖက် ပူးပေါင်းအဖွဲ့များသည် ၇ နာရီ ၅ မိနစ်ခန့်တွင် အကျအဆုံးများစွာဖြင့် ဖရိုဖရဲ ဆုတ်ခွာ ထွက်ပြေးသွားခဲ့သည်။

ဖြစ်စဉ်တွင် မိမိဘက်မှ အရာရှိ၊ စစ်သည်အချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အကြမ်း ဖက်ပူးပေါင်းအဖွဲ့များထံမှ လက်နက်ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ သည်။

တပ်မတော်အနေဖြင့် နိုင်ငံတော်အတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးအတွက် လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။