PDF အမည်ခံအကြမ်းဖက်အဖွဲ့က ပေါက်-ပခုက္ကူသွား ကားလမ်းပေါ်ရှိ ယောချောင်း၊ ရေပြာတံတားအား တိုက်ခိုက်ဖျက်ဆီးရန်ကြိုးပမ်း၊ အသက် ၄ နှစ်အရွယ် ကလေးငယ် တစ်ဦးအပါအဝင် အပြစ်မဲ့ ပြည်သူများအား ဖမ်းဆီးသတ်ဖြတ်

PDF အမည်ခံအကြမ်းဖက်အဖွဲ့က ပေါက်-ပခုက္ကူသွား ကားလမ်းပေါ်ရှိ ယောချောင်း၊ ရေပြာတံတားအား တိုက်ခိုက်ဖျက်ဆီးရန်ကြိုးပမ်း၊ အသက် ၄ နှစ်အရွယ် ကလေးငယ် တစ်ဦးအပါအဝင် အပြစ်မဲ့ ပြည်သူများအား ဖမ်းဆီးသတ်ဖြတ်

နေပြည်တော်၊ ဇန်နဝါရီ ၄

        မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့၏ အရှေ့ဘက်မီတာ ၁၄၀၀၀ ခန့်အကွာ၊ ပေါက်-ပခုက္ကူသွား ကားလမ်း၊ ယောချောင်း၊ ရေပြာတံတားတွင် လုံခြုံရေး ဆောင်ရွက်လျက်ရှိသည့် တပ်ဖွဲ့ဝင်များအား ယနေ့နံနက် ၅ နာရီ ၄၀ မိနစ် ခန့်တွင် PDF အမည်ခံ အကြမ်းဖက်အဖွဲ့က သာလွန်အင်အားအသုံးပြု၍ လက်နက်ကြီး လက်နက်ငယ် များဖြင့် တိုက်ခိုက်လာခဲ့သည်။

        PDF အမည်ခံ အကြမ်းဖက်အဖွဲ့များ၏ ပစ်ခတ်တိုက်ခိုက်လာမှုအား လုံခြုံရေး ဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များက စနစ်တကျဖြင့် ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်အဖွဲ့များသည် နံနက် ၇ နာရီ ၁၀ မိနစ်ခန့်တွင် ထိခိုက် ကျဆုံးမှုများစွာဖြင့် တောင်ဘက်သို့ ဖရိုဖရဲ ဆုတ်ခွာထွက်ပြေးသွားခဲ့သည်။ ၎င်းတို့ ဆုတ်ခွာစဉ် ဆုတ်ခွာရာ လမ်းကြောင်းပေါ်ရှိ နဂါးဘွက် ကျေးရွာမှ အသက် ၄ နှစ်အရွယ် ကလေးငယ်တစ်ဦး အပါအဝင် အပြစ်မဲ့ ကျေးရွာသူ၊ ကျေးရွာသား အမျိုးသား ၂ ဦး၊ အမျိုးသမီး ၅ ဦးတို့အား အကြောင်းမဲ့ပစ်ခတ်သတ်ဖြတ်သွားခဲ့ကြောင်း သိရသည်။

        ဖြစ်စဉ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး PDF အမည်ခံ အကြမ်းဖက်အဖွဲ့များ၏ အလောင်းနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့သည်။

        PDF အမည်ခံ အကြမ်းဖက်အဖွဲ့များအနေဖြင့် ယနေ့တွင် ကျရောက်သည့် (၇၅) နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ နေ့ထူးနေ့မြတ်တွင် အဖျက်အမှောင့်လုပ်ရပ် များ လုပ်ဆောင်ရန် ရည်ရွယ်၍ ယောချောင်း၊ ရေပြာတံတားအား ဖောက်ခွဲဖျက်ဆီးရန် ကြိုး ပမ်းခဲ့သော်လည်း လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ အသင့်ဖြစ်မှု၊ ရဲရဲဝံ့ဝံ့တုန့်ပြန်တိုက်ခိုက်မှု တို့ကြောင့် ၎င်းတို့၏ ရည်ရွယ်ချက် အောင်မြင်မှုမရှိဘဲ အကျအဆုံးများစွာဖြင့် ဆုတ်ခွာ ထွက်ပြေးသွားခဲ့ကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် နယ်မြေလုံခြုံရေးအတွက် လိုအပ်သည်များကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။