လီဗာပူးအသင်းအဓိက ခံစစ်ကစားသမားဗန်ဒိုက် တံကောက်ကြောဒဏ်ရာကြောင့် ကာလရှည်အနားယူရမည့် အရေးနှင့်တွေ့ကြုံနေရ

လီဗာပူးအသင်းအဓိက ခံစစ်ကစားသမားဗန်ဒိုက် တံကောက်ကြောဒဏ်ရာကြောင့် ကာလရှည်အနားယူရမည့် အရေးနှင့်တွေ့ကြုံနေရ

လီဗာပူးအသင်း အဓိကခံစစ်ကစားသမား ဗန်ဒိုက်သည်   ဘရန့်ဖို့ဒ်အသင်းနှင့် ကစားသည့်ပွဲစဉ်တွင် ရရှိခဲ့သည့် တံကောက်ကြောဒဏ်ရာကြောင့် ကာလရှည် အနားယူရမည့်အရေးနှင့်တွေ့ကြုံနေရကြောင်း   သိရသည်။

ဗန်ဒိုက်သည်  ပရီးမီးယားလိဂ်ပွဲစဉ်(၁၉)အဖြစ်    ဘရန့်ဖို့ဒ်အသင်းကို  ၃ ဂိုး-၁ ဂိုးဖြင့် ရှုံးနိမ့်သည့်ပွဲစဉ်တွင် ပွဲချိန်ပထမပိုင်းပြီးဆုံးခါနီး၌ တံကောက်ကြောဒဏ်ရာရရှိခဲ့သည့်အတွက်     ပွဲချိန်ဒုတိယပိုင်းတွင် လူစားလဲ ထွက်ခွာခဲ့ရပြီး အစောပိုင်းက ၎င်း၏ဒဏ်ရာမှာ  ပြင်းထန်ဖွယ်မရှိဟု  ခန့်မှန်းထားသော်လည်း အသင်းဆေးအဖွဲ့နှင့်  စစ်ဆေးခဲ့ရာတွင် ဒဏ်ရာမှာ ထင်မှတ်ထားသည်ထက်      ပိုမိုပြင်းထန်နေသဖြင့်  ဆက်လက်စစ်ဆေးမှုများ ပြုလုပ်ရမည်ဖြစ်သည်။

နောက်ဆုံးအဆင့်စစ်ဆေးမှုများ   ပြုလုပ်ပြီးလျှင် ဒဏ်ရာမှာ  ပြင်းထန်မည်ဆိုပါက  ခွဲစိတ်ကုသရမည် ဖြစ်ပြီး   ကာလရှည်အနားယူရမည်ဖြစ်သည့်အတွက် လီဗာပူးအသင်း ခံစစ်ပိုင်းအတွက် ထိုးနှက်ချက်ဖြစ် လာမည်ဖြစ်သည်။

လက်ရှိတွင် လီဗာပူးအသင်းနည်းပြ  ကလော့က ဗန်ဒိုက်အနေဖြင့် ကာလရှည်အနားယူရမည့်အရေးနှင့် ရင်ဆိုင်နေရသည့်အတွက်  ရက်ပစ်ဝီအန်အသင်းထံ အငှားစာချုပ်ဖြင့်စေလွှတ်ထားသည့် ခံစစ်ကစားသမား ဘီလီကူမက်တီယိုကို အသင်းထံပြန်လည်ခေါ်ဆောင်ဖွယ်ရှိနေကြောင်း သိရသည်။

Ref;The Mirror