ချယ်လ်ဆီးအသင်းက မိုနာကိုအသင်းမှ ဘာဒီအက်ရှီလီကိုခေါ်ယူပြီးနောက် ရှက်တာဒိုးနက်စ်အသင်းမှ မူဒရစ်ကိုခေါ်ယူရန် ဆက်လက်ကြိုးပမ်းနေ

ချယ်လ်ဆီးအသင်းက မိုနာကိုအသင်းမှ ဘာဒီအက်ရှီလီကိုခေါ်ယူပြီးနောက် ရှက်တာဒိုးနက်စ်အသင်းမှ မူဒရစ်ကိုခေါ်ယူရန် ဆက်လက်ကြိုးပမ်းနေ

ချယ်လ်ဆီးအသင်းက   မိုနာကိုအသင်းမှ   ခံစစ်ကစားသမား   ဘာဒီအက်ရှီလီကို   ပြောင်းရွှေ့ကြေး စတာလင်ပေါင်  ၃၅  သန်းဖြင့်  ခေါ်ယူပြီးနောက် ရှက်တာဒိုးနက်စ်အသင်းမှ   လူငယ်တိုက်စစ်ကစား သမား  မူဒရစ်ကိုခေါ်ယူရန် ဆက်လက်ကြိုးပမ်းနေကြောင်း သိရသည်။

ယခုဘောလုံးရာသီတွင် ရှက်တာဒိုးနက်စ်အသင်းနှင့်အတူ    အကောင်းဆုံးခြေစွမ်းပြလျက်ရှိသည့် မူဒရစ်ကို အာဆင်နယ်အသင်းက အစောပိုင်းကတည်းက ခေါ်ယူရန်ကြိုးပမ်းလျက်ရှိသော်လည်း ပြောင်းရွှေ့ကြေးညှိနှိုင်းမှု အဆင်မပြေသည့်အတွက် ချယ်လ်ဆီး အသင်းက ကြားဖြတ်ခေါ်ယူရန် ပြင်ဆင်နေခြင်းဖြစ်သည်။

ချယ်လ်ဆီးအသင်းသည်   မန်စီးတီးအသင်းကို ရှုံးနိမ့်ခဲ့ပြီးနောက်  အဆင့်(၁၀)နေရာ၌  ရပ်တည်နေပြီး အဆင့်(၄)နေရာမှ မန်ယူအသင်းနှင့်လည်း ၁၀ မှတ်အထိ ကွာဟလာသည့်အတွက် အသင်းပိုင်ရှင်တော့ဘိုလီက ဇန်နဝါရီကစားသမား အပြောင်းအရွှေ့ကာလတွင်  ကစားသမားသစ်များ  ခေါ်ယူအင်အားဖြည့်တင်းရန် ပြင်ဆင်နေခြင်း ဖြစ်သည်။

အာဆင်နယ် အသင်းသည် အစောပိုင်းက မူဒရစ်အတွက် ပြောင်းရွှေ့ကြေးကို စတာလင်ပေါင် သန်း ၆၀ ခန့်ဖြင့် ကမ်းလှမ်းခဲ့သော်လည်း ရှက်တာဒိုးနက်စ်အသင်းက ပယ်ချခဲ့ပြီး ချယ်လ်ဆီးအသင်းထံ ရောင်းချရန် စီစဉ်နေကြောင်း သိရသည်။

Ref;Fabrizio Romano