ပေါ်တူဂီနိုင်ငံဘောလုံးအဖွဲ့ချုပ်က လစ်လပ်နေသည့် ပေါ်တူဂီအသင်း နည်းပြရာထူးအတွက် ဘယ်လ်ဂျီယံ အသင်း နည်းပြဟောင်း မာတီနက်ဇ်ကိုခန့်အပ်ရန် အကြိုသဘောတူညီမှုရရှိ
ပေါ်တူဂီနိုင်ငံဘောလုံးအဖွဲ့ချုပ်က လစ်လပ်နေ သည့် ပေါ်တူဂီအသင်းနည်းပြရာထူးအတွက် ဘယ်လ် ဂျီယံအသင်းနည်းပြဟောင်း မာတီနက်ဇ်ကိုခန့်အပ် ရန် အကြိုသဘောတူညီမှုရရှိပြီးဖြစ်ကြောင်း သိရသည်။
ပေါ်တူဂီအသင်းနည်းပြဟောင်း ဆန်းတို့စ်သည် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲ ကွာတားဖိုင်နယ်အဆင့်တွင် မော်ရိုကိုအသင်းကို ရှုံးနိမ့်ပြီးနောက် ပြိုင်ပွဲမှထွက်ခွာခဲ့ရသည့်အတွက် ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးတွင် နှစ်ဖက်သဘောတူလမ်းခွဲခဲ့သဖြင့် နည်းပြနေရာအတွက် လစ်လပ်နေခြင်းဖြစ်သည်။
အလားတူ ဘယ်လ်ဂျီယံအသင်းနည်းပြဟောင်း မာတီနက်ဇ်သည်လည်း ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အုပ်စုအဆင့်မှပင် ထွက်ခွာခဲ့ရပြီးနောက် ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးတွင် ဘယ်လ်ဂျီယံအသင်းနည်းပြရာထူးမှ နုတ်ထွက်ခဲ့ခြင်းဖြစ်သည်။ မာတီနက်စ်သည် ဘယ်လ်ဂျီယံအသင်းကို ကာလရှည်တာဝန်ယူကိုင်တွယ်ခဲ့သူ ဖြစ်သည်။
ပေါ်တူဂီနိုင်ငံဘောလုံးအဖွဲ့ချုပ်က လစ်လပ်နေ သည့်အသင်းနည်းပြရာထူးအတွက် အစောပိုင်းက ပေါ်တူဂီလူမျိုးနည်းပြ လက်ရှိ ရိုးမားအသင်းနည်းပြ မော်ရင်ဟိုကိုခန့်အပ်ရန် ချိတ်ဆက်မှုများ ပြုလုပ်ခဲ့သော်လည်း နည်းပြမော်ရင်ဟိုကိုယ်တိုင်က ငြင်းပယ်ခဲ့သည့်အတွက် မာတီနက်ဇ်ကို ပြောင်းလဲခန့်အပ်ရန် ကြိုးပမ်းခဲ့ရာမှ လက်ရှိတွင် အကြိုသဘောတူညီမှု ရရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
Ref;The Athletic