IFFHS ၏ ၂၀၂၂ ခုနှစ်အတွက် တစ်နှစ်တာအကောင်းဆုံးနည်းပြဆုကို အာဂျင်တီးနားအသင်းနည်းပြ လီယွန်နယ်စကာလိုနီရရှိ
နိုင်ငံတကာဘောလုံးအဖွဲ့၊ သမိုင်းနှင့် အချက်အလက်ဆိုင်ရာအဖွဲ့အစည်း(International Federa-tion of Football History & Statistics(IFFHS))က ရွေးချယ်ချီးမြှင့်သည့် ၂၀၂၂ ခုနှစ်အတွက် တစ်နှစ်တာအကောင်းဆုံးနည်းပြဆုကို အာဂျင်တီးနားအသင်း နှင့်အတူ ၂၀၂၂ ကမ္ဘာ့ဖလားချန်ပီယံဆု ဆွတ်ခူး နိုင်သည့် နည်းပြလီယွန်နယ်စကာလိုနီက ရရှိခဲ့ ကြောင်း သိရသည်။
အသက် ၄၄ နှစ်သာရှိသေးသည့် နည်းပြလီယွန် နယ်စကာလိုနီသည် ပရော်ဖက်ရှင်နယ်နည်းပြဘဝကို ၂၀၁၈ ခုနှစ်ကစတင်ခဲ့ခြင်းဖြစ်ပြီး အာဂျင်တီးနား အသင်းကို တာဝန်ယူကိုင်တွယ်ပြီးနောက် ရလဒ်ကောင်းများရရှိအောင် စွမ်းဆောင်နိုင်ခဲ့ကာ ၂၀၂၂ ကမ္ဘာ့ဖလား ပြိုင်ပွဲတွင်လည်း ကမ္ဘာ့ထိပ်တန်းအသင်း ကြီးများကိုကျော်ဖြတ်ပြီး ၃၆ နှစ်ကြာကွာဝေးနေသည့် ချန်ပီယံဆုဖလားကို ဆွတ်ခူးနိုင်ခဲ့ခြင်း ဖြစ်သည်။
နည်းပြလီယွန်နယ်စကာလိုနီသည် ၂၀၂၂ ကမ္ဘာ့ ဖလားအပြင် ၂၀၂၁ ခုနှစ်ကလည်း ကိုပါအမေရိက ဖလားဆွတ်ခူးနိုင်ခဲ့ပြီး နှစ်နှစ်ဆက် အဓိကချန်ပီယံ ဆုဖလားနှစ်လုံးကို ဆွတ်ခူးပေးနိုင်ခဲ့သည့်အတွက် IFFHS ၏ ၂၀၂၂ ခုနှစ်အတွက် တစ်နှစ်တာ အကောင်းဆုံးနည်းပြဆုကိုရရှိခဲ့ခြင်းဖြစ်သည်။
နည်းပြ လီယွန်နယ်စကာလိုနီအပြင် IFFHS ၏ ၂၀၂၂ ခုနှစ်အတွက် တစ်နှစ်တာအကောင်းဆုံးကစား သမားဆုကိုလည်း အာဂျင်တီးနားအသင်းမှ မက်ဆီက ရရှိခဲ့ကြောင်း သိရသည်။
Ref;IFFHS.Com