အက်ဖ်အေဖလားပြိုင်ပွဲစတုတ္ထအဆင့်၌ မန်စီးတီးအသင်းအနေဖြင့် အာဆင်နယ်အသင်းနှင့် အောက်စ်ဖို့ဒ်အသင်းမှ အနိုင်ရရှိမည့် အသင်းနှင့်တွေ့ဆုံမည်
အင်္ဂလန်နိုင်ငံဘောလုံးအဖွဲ့ချုပ်(အက်ဖ်အေ)က အက်ဖ်အေဖလားပြိုင်ပွဲ စတုတ္ထအဆင့်အတွက် မဲခွဲမှု များအပြီး မန်စီးတီးအသင်းအနေဖြင့် အာဆင်နယ် အသင်းနှင့် အောက်စ်ဖို့ဒ်အသင်းတို့မှ အနိုင်ရရှိမည့် အသင်းနှင့်တွေ့ဆုံမည်ဖြစ်ကြောင်း သိရသည်။
အက်ဖ်အေဖလားပြိုင်ပွဲ စတုတ္ထအဆင့်ပြိုင်ပွဲ အတွက် မဲခွဲမှုအပြီးတွင် ပရီးမီးယားလိဂ်ကလပ်အသင်း များ နောက်တစ်ဆင့်တက်ရောက်ရန် အလားအလာ ကောင်းနေပြီး အာဆင်နယ်အသင်းနှင့်မန်စီးတီး အသင်းတို့ထိပ်တိုက်တွေ့ဆုံဖွယ်ရှိနေသည်။
အက်ဖ်အေဖလားပြိုင်ပွဲ ပÍ္စမအဆင့်ပြိုင်ပွဲအတွက် ပွဲစဉ်အများစုပြီးဆုံးချိန်တွင် စတုတ္ထအဆင့်ပြိုင်ပွဲ အတွက် မဲခွဲမှုများပြုလုပ်ရာတွင် ဘရိုက်တန်အသင်းက လီဗာပူးအသင်းနှင့် ဝုဗ်အသင်းတို့မှအနိုင်ရရှိမည့် အသင်း၊ မန်စီးတီးအသင်းက အာဆင်နယ်အသင်းနှင့် အောက်စ်ဖို့ဒ်အသင်းတို့မှ အနိုင်ရရှိမည့်အသင်း၊ မန်ယူအသင်းနှင့် ရီဒင်းအသင်း၊ ပရပ်စတန်အသင်း နှင့် စပါးအသင်း၊ ဒါဘီအသင်းနှင့် ဝက်စ်ဟမ်းအသင်း၊ ဆောက်သမ်တန်အသင်းနှင့် ဘလက်ပူးလ်အသင်း၊ ဖူလ်ဟမ်အသင်းနှင့်ဆန်းဒါးလန်းအသင်း၊ ဝဲလ်ဆော့ အသင်းနှင့် လက်စတာအသင်း၊ စတုတ်အသင်းက အက်စ်တွန်ဗီလာအသင်းနှင့် စတီဗင်အေ့ချ်အသင်း တို့မှအနိုင်ရရှိမည့်အသင်း၊ လူတန်အသင်းက ဝီရန် အသင်းနှင့် ဂရင်းဘီအသင်းတို့မှ အနိုင်ရရှိမည့် အသင်းတို့ ထိပ်တိုက်တွေ့ဆုံမည်ဖြစ်သည်။
အလားတူ အစ်ဝှစ်ချ်အသင်းနှင့် ဘန်လေအသင်း၊ ဘိုဟမ်းအသင်းနှင့် အက်ကရင်တန်အသင်းတို့မှ အနိုင်ရရှိမည့်အသင်းက ကာဒစ်အသင်းနှင့်လိဒ် အသင်းတို့မှအနိုင်ရရှိမည့်အသင်း၊ ဘလက်ဘန်း အသင်းက ဖောရက်ဂရင်းအသင်းနှင့် ဘာမင်ဂမ် အသင်းတို့မှ အနိုင်ရရှိမည့်အသင်း၊ ဝါ့ဟမ်းအသင်း နှင့် ရှက်ဖီးလ်ယူနိုက်တက်အသင်း၊ ရှက်ဖီးဝင်းဒေး အသင်းနှင့် ဖလက်ဝုဒ်အသင်း၊ ဘရစ္စတိုးအသင်းနှင့် ဆွမ်ဆီးအသင်းတို့မှ အနိုင်ရရှိမည့်အသင်းနှင့် ချက်စတာဖီးလ်နှင့်ဝက်စ်ဘရွန်းအသင်းတို့မှ အနိုင် ရရှိမည့်အသင်းတို့ တွေ့ဆုံကြမည် ဖြစ်ကြောင်း သိရသည်။
Ref;90Min