မြိတ်မြို့ရှိ မြိတ်တက္ကသိုလ်တည်ထောင်ခြင်း (၂၄)နှစ်ပြည့် အထိမ်းအမှတ်ပွဲ ကျင်းပ ပြုလုပ်

မြိတ်မြို့ရှိ မြိတ်တက္ကသိုလ်တည်ထောင်ခြင်း (၂၄)နှစ်ပြည့် အထိမ်းအမှတ်ပွဲ ကျင်းပ ပြုလုပ်

နေပြည်တော်၊ ဇန်နဝါရီ - ၁၀

        တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ရှိ မြိတ်တက္ကသိုလ်တည်ထောင်ခြင်း (၂၄)နှစ် ပြည့် အထိမ်းအမှတ်ပွဲကို ယနေ့နံနက်ပိုင်းတွင် အဆိုပါတက္ကသိုလ် ပင်မဆောင်ရင်ပြင်၌ ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ဦးမြတ်ကို၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စောသန်းလှိုင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဌာနဆိုင်ရာတာဝန်ရှိသူ များ၊ မြိတ်တက္ကသိုလ်ပါမောက္ခချုပ်နှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူ များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

        ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် မြိတ်တက္ကသိုလ်ပါမောက္ခချုပ်နှင့် တာဝန်ရှိသူများက တက္ကသိုလ်၏ ရှေ့လုပ်ငန်းစဉ်များ အား အသီးသီးဆွေးနွေးပြောကြားခဲ့ကြသည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက မြိတ်တက္ကသိုလ်ဌာနပေါင်းစုံမှ ကျောင်းသား၊ ကျောင်းသူများ၏  ဂုဏ်ပြုတေးသီချင်းများဖြင့် သီဆိုကပြဖျော်ဖြေမှုများကိုလည်း ကောင်း၊ ဈေးရောင်းပွဲတော်တွင် ဌာနလိုက် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၏ မြန်မာ့ရိုးရာ စားသောက်ဖွယ်ရာများ ရောင်းချနေမှုများကိုလည်း ကောင်း လှည့်လည်ကြည့်ရှုအားပေးခဲ့ကြကြောင်း သတင်းရရှိသည်။