ရီးယဲလ်မက်ဒရစ်အသင်း ကစားသမားဟောင်း ဂါရတ်ဘေးလ် ကစားသမားဘဝမှ အပြီးတိုင် အနားယူပြီဖြစ်ကြောင်း အတည်ပြုကြေညာ

ရီးယဲလ်မက်ဒရစ်အသင်း ကစားသမားဟောင်း ဂါရတ်ဘေးလ် ကစားသမားဘဝမှ အပြီးတိုင် အနားယူပြီဖြစ်ကြောင်း အတည်ပြုကြေညာ

ရီးယဲလ်မက်ဒရစ်အသင်း    ကစားသမားဟောင်း ဂါရတ်ဘေးလ်သည် ပရော်ဖက်ရှင်နယ် ကစားသမားဘဝမှ  အပြီးတိုင် အနားယူပြီဖြစ်ကြောင်း အတည်ပြု ကြေညာခဲ့သည်။

အသက်   ၃၃  နှစ်အရွယ်  ဂါရတ်ဘေးလ်သည် ပရော်ဖက်ရှင်နယ် ကစားသမားဘဝကို ၂၀၀၅ ခုနှစ်က ဆောက်သမ်တန်အသင်းနှင့် စတင်ပြီးနောက် ၂၀၀၇ ခုနှစ်တွင် စပါးအသင်းသို့ ပြောင်းရွှေ့ကစားခဲ့ကာ အကောင်းဆုံး ခြေစွမ်းပြနိုင်သည့်အတွက်   ၂၀၁၃  ခုနှစ်က ရီးယဲလ်မက်ဒရစ် အသင်းသို့ ပြောင်းရွှေ့ကစားခဲ့သည်။

ဂါရတ်ဘေးလ်သည် ပရော်ဖက်ရှင်နယ်ကစားသမား ဘဝမှ အအောင်မြင်ဆုံးအချိန်များကို ရီးယဲလ်မက်ဒရစ် အသင်းတွင် ရရှိခဲ့ပြီး ၂၀၁၃ ခုနှစ်မှ ၂၀၂၂ ခုနှစ် ဇွန်လ အထိကစားခဲ့ကာ ကစားသမားဘဝတွင် ချန်ပီယံလိဂ် ဖလား ငါးကြိမ်၊ ကလပ်ကမ္ဘာ့ဖလား လေးကြိမ်၊  စပိန်လာလီဂါချန်ပီယံဆု သုံးကြိမ်၊ စပိန်ကိုပါဒယ်ရေးဖလား တစ်ကြိမ်၊ ဥရောပစူပါဖလား သုံးကြိမ်၊ ကားလင်းဖလား ချန်ပီယံဆု တစ်ကြိမ်၊ အမေရိကန်မေဂျာလိဂ်ဖလား တစ်ကြိမ် ဆွတ်ခူးနိုင်ခဲ့သည်။

ဂါရတ်ဘေးလ်သည်   ၂၀၂၂ ခုနှစ်   ဇွန်လတွင် ရီးယဲလ်မက်ဒရစ်အသင်းနှင့် စာချုပ်သက်တမ်း ကုန်ဆုံးပြီးနောက် ဇူလိုင်လက အမေရိကန်မေဂျာလိဂ်ကလပ် လော့စ်အိန်ဂျလိစ်အသင်းသို့    ပြောင်းရွှေ့ကစားပြီးနောက် စာချုပ်သက်တမ်း ကုန်ဆုံးခဲ့ပြီး ကစားသမား ဘဝမှ အနားယူခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။