မာန်အောင်မြို့အနီး မြန်မာ့ပင်လယ်ပြင်အတွင်း မီးလောင်နေသည့် ငါးဖမ်းဝါး လတ်လှေတစ်စီးအား ကူညီကယ်ဆယ်

မာန်အောင်မြို့အနီး မြန်မာ့ပင်လယ်ပြင်အတွင်း မီးလောင်နေသည့် ငါးဖမ်းဝါး လတ်လှေတစ်စီးအား ကူညီကယ်ဆယ်

နေပြည်တော်၊ ဇန်နဝါရီ - ၁၁

          ရခိုင်ပြည်နယ်၊ မာန်အောင်မြို့အနီး မြန်မာ့ပင်လယ်ပြင်အတွင်း လုံခြုံရေး ဆောင်ရွက်နေသော တပ်မတော်(ရေ)မှ တပ်ဖွဲ့ဝင်များသည် မာန်အောင်မြို့၏  အနောက်ဘက်ရေမိုင် ၂၃ မိုင်ခန့်အကွာ၌ ငါးဖမ်းဝါးလတ်လှေတစ်စီး မီးလောင် နေကြောင်း သတင်းအရ ဇန်နဝါရီ ၁၀ ရက် ညနေ ၅ နာရီခွဲခန့်တွင် သွားရောက် ရှာဖွေစိစစ်ခဲ့ရာ ထူးထက်အောင် (၇၂)အမည်ရှိ ငါးဖမ်းဝါးလတ်လှေ ၁ စီး မီးလောင် နေသည်ကို တွေ့ရှိခဲ့သဖြင့် ဒေသခံငါးဖမ်းလှေများနှင့်အတူ ဝိုင်းဝန်းမီးငြှိမ်းသတ်ခဲ့ပြီး လှေပေါ်ပါ လှေသား ၁၃ ဦးအား စစ်ရေယာဉ်ပေါ်သို့တင်ဆောင်၍  လိုအပ်သည့် ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးသည်။

          အဆိုပါ မီးလောင်နေသည့် ငါးဖမ်းဝါးလတ်လှေမှ လှေသားများအား ယနေ့တွင် သက်ဆိုင်ရာသို့ စနစ်တကျ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။