အက်သလက်တီကိုအသင်းက ကွင်းလယ်ကစားသမား ဂျာအိုဖီးလစ်၏နေရာ၌အစားထိုးရန်အတွက် ဘာစီလိုနာအသင်းမှ ဒီပိုင်းကိုခေါ်ယူရန်စီစဉ်

အက်သလက်တီကိုအသင်းက ကွင်းလယ်ကစားသမား ဂျာအိုဖီးလစ်၏နေရာ၌အစားထိုးရန်အတွက် ဘာစီလိုနာအသင်းမှ ဒီပိုင်းကိုခေါ်ယူရန်စီစဉ်

အက်သလက်တီကိုအသင်းက   ဇန်နဝါရီကစားသမားအပြောင်းအရွှေ့ကာလတွင် ချယ်လ်ဆီးအသင်းသို့ ရာသီဝက်အငှားစာချုပ်ဖြင့် ပြောင်းရွှေ့ကစားမည့်    ကွင်းလယ်ကစားသမား     ဂျာအိုဖီးလစ်၏နေရာ၌ အစားထိုးရန်အတွက်   ဘာစီလိုနာအသင်းမှ  ဒီပိုင်းကို ခေါ်ယူရန်စီစဉ်နေကြောင်း သိရသည်။

အက်သလက်တီကိုအသင်းသည်  ဇန်နဝါရီကစားသမားအပြောင်းအရွှေ့ကာလတွင် အသင်းတိုက်စစ်ပိုင်းမှ  ကွန်ဟာနှင့်ဂျာအိုဖီးလစ်တို့ကို  လက်လွှတ်ခဲ့ရပြီးနောက်  တိုက်စစ်ကစားသမားသစ်တစ်ဦးခေါ်ယူရန်  စီစဉ်နေရာ   လက်ရှိတွင်    ဘာစီလိုနာအသင်းနှင့် အနာဂတ်မရေမရာဖြစ်နေသည့်  ဒီပိုင်းကို ခေါ်ယူမည်ဖြစ်သည်။

အသက် ၂၈  နှစ်အရွယ်  ဒီပိုင်းသည် ၂၀၂၁ ခုနှစ်က  လိုင်ယွန်အသင်းမှ  ဘာစီလိုနာအသင်းသို့ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ပြောင်းရွှေ့ကစားခဲ့သူဖြစ်ကာ    အစောပိုင်းနှစ်များက  အသင်း၌  ပွဲထွက်ကစားသမားအဖြစ်  ပါဝင်ခွင့်ရရှိခဲ့သော်လည်း  လက်ရှိနည်းပြ  ဇာဗီလက်အောက်တွင်  ပွဲထွက်ခွင့်မရရှိဘဲ   ရုန်းကန်နေရခြင်း ဖြစ်ပြီး ယခုဘောလုံးရာသီတွင်လည်း စပိန်လာလီဂါပွဲစဉ်နှစ်ပွဲသာ ပါဝင်ကစားခွင့်ရရှိခဲ့သူဖြစ်သည်။

လက်ရှိတွင် အက်သလက်တီကိုအသင်းက ဒီပိုင်းနှင့်  ကနဦးတွေ့ဆုံဆွေးနွေးမှုများ  ပြုလုပ်မည်ဖြစ်ပြီး ကစားသမားနှင့်သဘောတူညီမှုရရှိပါက ဘာစီလိုနာအသင်းထံ  ကမ်းလှမ်းမှုပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။                  

Ref;Fabrizio Romano