၂၀၂၂ ခုနှစ်၊ တပ်မတော်(ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲများတွင် ဆုတံဆိပ် ရရှိခဲ့သည့် နေပြည်တော်တိုင်းစစ်ဌာနချုပ်မှ အားကစားသမားများအား ဂုဏ်ပြုပွဲ ကျင်းပပြုလုပ်

၂၀၂၂ ခုနှစ်၊ တပ်မတော်(ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲများတွင် ဆုတံဆိပ် ရရှိခဲ့သည့် နေပြည်တော်တိုင်းစစ်ဌာနချုပ်မှ အားကစားသမားများအား ဂုဏ်ပြုပွဲ ကျင်းပပြုလုပ်

နေပြည်တော်၊ ဇန်နဝါရီ - ၁၂

        ၂၀၂၂ ခုနှစ်၊ တပ်မတော်(ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲများတွင် ဆုတံဆိပ် ရရှိခဲ့သည့် နေပြည်တော်တိုင်း စစ်ဌာနချုပ်မှ အားကစားသမားများအား ဂုဏ်ပြုပွဲကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ် အောင်ငြိမ်းအေးခန်းမ၌ ပြုလုပ်ရာ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်းနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိ သူများနှင့် ဆုရရှိသည့် အားကစားသမားများ တက်ရောက်ကြသည်။

       ဦးစွာ တိုင်းမှူးက ဆုတံဆိပ်ရရှိခဲ့သည့် အားကစားသမားများအား တစ်ဦးချင်း ဂုဏ်ပြုနှုတ်ဆက်ခဲ့ပြီး ဂုဏ်ပြုအမှာစကား ပြောကြားသည်။ ထို့နောက် ဆုပေးပွဲကို ဆက်လက်ကျင်းပခဲ့ရာ တိုင်းမှူးနှင့် တာဝန်ရှိသူများက ၂၀၂၂ ခုနှစ်၊ တပ်မတော် (ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲများတွင် ဆုတံဆိပ်ရရှိခဲ့သည့် အားကစားအမျိုး အစားအလိုက် ဂုဏ်ပြုဆုများကို ပေးအပ်ရာ ဆုရရှိသူ အားကစားသမားများနှင့် အားကစား တာဝန်ခံအရာရှိများက လက်ခံရယူကြသည်။ ယင်းနောက် ဆုရရှိခဲ့သည့် အားကစားသမားတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး တက်ရောက် လာကြသူများအား လက်ဖက်ရည်ဖြင့် တည်းခင်း ဧည့်ခံခဲ့ကြောင်း သတင်းရရှိသည်။