ကုလသမဂ္ဂလုံခြုံရေး ကောင်စီ၏ မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက် အဆိုအပေါ် ကန့်ကွက် ရှုတ်ချကြောင်း ဆန္ဒထုတ်ဖော်

ကုလသမဂ္ဂလုံခြုံရေး ကောင်စီ၏ မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက် အဆိုအပေါ် ကန့်ကွက် ရှုတ်ချကြောင်း ဆန္ဒထုတ်ဖော်

နေပြည်တော်၊ ဇန်နဝါရီ - ၁၂

       အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့၌ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၂၁ ရက်တွင် ကျင်းပခဲ့သည့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ အစည်းအဝေး၌ မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက် အဆိုတစ်ရပ်ကို မဲခွဲချမှတ်ခဲ့ကြောင်း သိရှိရသည်။

    အဆိုပါ ကုလသမဂ္ဂလုံခြုံရေး ကောင်စီ၏ မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက် အဆိုနှင့် ပတ်သက်၍ ကန့်ကွက်ရှုတ်ချ ဆန္ဒထုတ်ဖော်ပွဲကို ယနေ့နံနက်ပိုင်းတွင် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၊ မြိတ်တောင်ကျေးရွာ အရှေ့သိမ်ဘောလုံးကွင်း၌ ဒေသခံပြည်သူများစုပေါင်း၍ ကုလသမဂ္ဂလုံခြုံရေး ကောင်စီ၏ တစ်ဖက်သတ်ဆုံးဖြတ် ချက်များအား ဆန့်ကျင်ကြ၊ မြန်မာ့အရေးကို မြန်မာနိုင်ငံကသာဖြေရှင်းရေး ဒို့အရေး၊ အကြမ်းဖက်အားပေး ပြည်ပနိုင်ငံများ အလိုမရှိ၊ အကြမ်းဖက် NUG ၊ CRPH ၊ PDF အလိုမရှိ၊ အပြစ်မဲ့ပြည်သူများအား အကြမ်းဖက် သတ်ဖြတ်နေမှုအား ချက်ချင်းရပ်၊ ရဟန်းသံဃာနှင့် နိုင်ငံ့ဝန်ထမ်းများအား အကြမ်းဖက် သတ်ဖြတ်နေမှုများအား ချက်ချင်းရပ် စသည့် ကြွေးကြော်သံများဖြင့် ကြွေးကြော်၍ ပိုစတာများ၊ ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း သတင်းရရှိသည်။