၂၀၂၃ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲအတွက် ထိပ်တန်းကလပ်အသင်းကြီးများ စခန်းသွင်းလေ့ကျင့််မှုနှင့် ကစားသမားအပြောင်းအရွှေ့များပြုလုပ်

၂၀၂၃ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲအတွက် ထိပ်တန်းကလပ်အသင်းကြီးများ စခန်းသွင်းလေ့ကျင့််မှုနှင့် ကစားသမားအပြောင်းအရွှေ့များပြုလုပ်

၂၀၂၃   မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲအတွက် ပြိုင်ပွဲဝင် ထိပ်တန်းကလပ်အသင်းကြီးများ စခန်းသွင်း လေ့ကျင့်မှုများ စတင်ပြုလုပ်နေပြီဖြစ်သကဲ့သို့ ရာသီသစ်မတိုင်မီ ကစားသမား အပြောင်းအရွှေ့များလည်း ပြုလုပ်လျက်ရှိကြောင်း သိရသည်။

၂၀၂၃   မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲကို ဖေဖော်ဝါရီလ ဒုတိယရက်သတ္တပတ်တွင် စတင်ကျင်းပမည်ဖြစ်ပြီး ပြိုင်ပွဲဝင်အသင်း ၁၂ သင်း ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲဝင်ကလပ်အသင်းများမှ ထိပ်တန်းအသင်းကြီးများဖြစ်သည့် လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက်အသင်းနှင့်အတူ ဟံသာဝတီယူနိုက်တက်အသင်း၊   ရန်ကုန်ယူနိုက်တက် အသင်းနှင့်  ရခိုင်ယူနိုက်တက်အသင်းတို့က ရန်ကုန်မြို့၌ အခြေစိုက်ပြီး စခန်းသွင်းလေ့ကျင့်မှုများ   ပြုလုပ်လျက်ရှိ သကဲ့သို့ ကစားသမားအပြောင်းအရွှေ့အဖြစ်လည်း   ရှမ်းယူနိုက်တက်အသင်းနှင့် ရန်ကုန်ယူနိုက် တက်အသင်းတို့က   ဘောလုံးရာသီသစ်အတွက် ကစားသမားအင်အားဖြည့်တင်းမှုများ ပြုလုပ်ထားကြောင်း သိရသည်။

စည်သူအောင်