ရေနံချောင်းမြို့နယ် ပြည်သူ့အားကစားကွင်း မိုးလုံလေလုံခန်းမ၌ အခြေခံအလေးမ နည်းစနစ် သင်တန်းဆင်း

ရေနံချောင်းမြို့နယ် ပြည်သူ့အားကစားကွင်း မိုးလုံလေလုံခန်းမ၌ အခြေခံအလေးမ နည်းစနစ် သင်တန်းဆင်း

မကွေးတိုင်းဒေသကြီး    မကွေးခရိုင် အားကစားနှင့်  ကာယပညာဦးစီးဌာနနှင့် ပညာရေးဌာနတို့  ပူးပေါင်းဖွင့်လှစ်သည့် အခြေခံအလေးမ နည်းစနစ် သင်တန်းဆင်းပွဲ အခမ်းအနားကို  ဇန်နဝါရီ ၁၃ ရက်က ရေနံချောင်းမြို့နယ်   ပြည်သူ့အားကစား ကွင်း မိုးလုံလေလုံခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် မကွေးတိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသန်းအောင်က သင်တန်းဆင်း   အမှာစကား ပြောကြားသည်။ ထို့နောက်  ရေနံချောင်းမြို့နယ် ဒုတိယ အုပ်ချုပ်ရေးမှူး   ဦးပြည့်ဖြိုးမောင်နှင့် တာဝန်ရှိသူများက သင်တန်းဆင်း လက်မှတ်များ ပေးအပ်ပြီး မကွေးခရိုင် အားကစားနှင့် ကာယပညာဦးစီးဌာန လက်ထောက်ညွှန် ကြားရေးမှူး   ဦးဇော်ကိုကိုက  သင်တန်း နည်းပြများအား ဝတ်စုံများပေးအပ်သည်။

အဆိုပါသင်တန်းကို ဇန်နဝါရီ ၉ ရက် မှ ၁၃ ရက်အထိ သင်တန်းကာလ ငါးရက် ကြာဖွင့်လှစ်ခဲ့ပြီး သင်တန်းသား၊ သင်တန်း သူ ၄၈ ဦး တက်ရောက်ခဲ့သည်။

အခမ်းအနားသို့ အားကစားနှင့်ကာယ ပညာဦးစီးဌာန  တိုင်းဒေသကြီး၊   ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မကွေးတိုင်းဒေသကြီး အလေးမဆပ်ကော် မတီဥက္ကဋ္ဌ   ဦးတင်နုနှင့် ကော်မတီဝင်များ၊ ရေနံချောင်းမြို့နယ် အားကစားမှူး ဦးထွန်း ထွန်းဦးနှင့် ဝန်ထမ်းများ၊ အခြေခံပညာဦးစီး ဌာနမှ  ဆရာ၊ ဆရာမများနှင့် သင်တန်းသား၊  သင်တန်းသူများ  တက်ရောက်ကြကြောင်း သိရသည်။