မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ သဘောထားထုတ်ပြန်ချက် (၁/၂၀၂၃)

မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ

သဘောထားထုတ်ပြန်ချက် (/၂၀၂၃)

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက် တနင်္ဂနွေနေ့

၁။        ဇန်နဝါရီလ(၁၅)ရက်နေ့ နံနက် (၇)နာရီ (၁၅)မိနစ်ခန့်က လွိုင်ကော်မြို့ ပြည်နယ် ခန်းမတွင် ကယားပြည်နယ်နေ့အထိမ်းအမှတ် မုခ်ဦးဖွင့်ပွဲ အခမ်းအနားကျင်းပနေစဉ် အကြမ်းဖက်သမား PDF အချို့က လက်နက်ကြီးများကိုအသုံးပြု၍ ပစ်ခတ်ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ပါသည်။

၂။        အဆိုပါ လူမဆန်သည့် အကြမ်းဖက်လုပ်ရပ် ပစ်ခတ်မှု ကြောင့် အပြစ်မဲ့အရပ်သား ပြည်သူ(၁)ဦး သေဆုံးခဲ့ရပြီး အခမ်းအနားတွင် ပျော်ရွှင်စွာပါဝင်ဆင်နွှဲနေသော ကျောင်းသား၊ ကျောင်းသူ(၆)ဦးနှင့် ပြည်သူ(၂)ဦးအပါအဝင် လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ ထိခိုက်ဒဏ်ရာများ အသီးသီးရရှိခဲ့ကြောင်း စိတ်နှလုံးမချမ်းမြေ့ဖွယ် သိရှိရပါသည်။

၃။        ယနေ့ နံနက်ပိုင်းက ပစ်ခတ်ဖျက်ဆီးခဲ့သည့် အကြမ်းဖက်လုပ်ရပ်သည် ဒေသခံ တိုင်းရင်းသားများ၏ အထိမ်းအမှတ် အခမ်းအနားကို ဖျက်ဆီးလိုသော ရည်ရွယ်ချက် အပြင် အပြစ်မဲ့ပြည်သူများအား အစုလိုက်အပြုံလိုက် သေဆုံးစေရန် ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက် ပစ်ခတ်မှုပြုလုပ်ခဲ့ကြောင်း  ထင်ရှားသဖြင့် အဆိုပါ အကြမ်းဖက်လုပ်ရပ်ကို လုပ်ကိုင်ခဲ့သည့် မည်သည့်အကြမ်းဖက်အဖွဲ့အစည်းကိုမဆို မြန်မာနိုင်ငံသတင်းမီဒီယာ ကောင်စီက လုံးဝ(လုံးဝ) လက်မခံနိုင်ပါကြောင်းနှင့် ပြင်းထန်စွာကန့်ကွက်ရှုတ်ချပါ ကြောင်း သဘောထားထုတ်ပြန်ကြေညာအပ်ပါသည်။

မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ