မြန်မာနိုင်ငံစာရေးဆရာအသင်း
သဘောထားထုတ်ပြန်ချက်
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက်
၁။ (၇၁)နှစ်မြောက်၊ ကယားပြည်နယ်နေ့အထိမ်းအမှတ် မုခ်ဦးဖွင့်ပွဲ အခမ်းအနား ကို ဒေသခံတိုင်းရင်းသားပြည်သူများဖြင့် စည်းကားသိုက်မြိုက်စွာ ကျင်းပနေသည့် နေရာသို့ KNPP အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများက ယနေ့နံနက် ၇ နာရီ ၁၅ မိနစ်ခန့်တွင် လွိုင်ကော်မြို့၏ အရှေ့မြောက်ဘက်မီတာ ၄၀၀၀ ခန့်အကွာမှ လက်နက်ကြီးများဖြင့် အကြောင်းမဲ့ပစ်ခတ် တိုက်ခိုက်ခဲ့သဖြင့် အခမ်းအနားကျင်းပရာ ပြည်နယ်ခန်းမအနီးနှင့် လူနေရပ်ကွက်များ အတွင်းသို့ လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲခဲ့ကြောင်း၊ အဆိုပါ လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲ မှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင် တချို့နှင့် ကျောင်းသား/ကျောင်းသူ ကလေးငယ် ၆ ဦး၊ အပြစ်မဲ့ အရပ်သားပြည်သူ အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၁ ဦးတို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး အပြစ်မဲ့အရပ်သားပြည်သူ အမျိုးသား ၁ ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။
၂။ ကယားပြည်နယ်နေ့ အထိမ်းအမှတ် မုခ်ဦးဖွင့်ပွဲ အခမ်းအနားကို ဒေသခံတိုင်း ရင်းသားပြည်သူများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပနေသည့် ပြည်နယ်ခန်းမအနီး နှင့် လူနေရပ်ကွက်များ အတွင်းသို့ လက်နက်ကြီးများဖြင့် အဝေးမှနေ၍ ပစ်ခတ် တိုက်ခိုက်ခဲ့ကြသည့် အကြမ်းဖက်သမားများအား မြန်မာနိုင်ငံ စာရေးဆရာအသင်းမှ ကန့်ကွတ်ရှုတ်ချကြောင်း သဘောထား ထုတ်ပြန်အပ်ပါသည်။
မြန်မာနိုင်ငံစာရေးဆရာအသင်း